Mentor ဆိုတာ ဘယ်လို လူမျိုးလဲ?
အရင်ဆုံး Mentor ဆိုတာ ဘယ်လို လူမျိုးလဲ စဥ်းစားကြည့်ရအောင်။ကျွန်မကတော့ အခုလို ဘဲ အဓိပ္ပါယ်ဖွင့်ချင်ပါတယ်။
✅အတွေ့အကြုံနည်းသေးတဲ့ သူတွေကို ဗဟုသုတ၊ အကြံဉာဏ်တွေ မျှဝေပေးတဲ့ သူမျိုး
✅ကိုယ့်လိုပဲ ဖြတ်သန်းခဲ့ရပြီး ကိုယ်လုပ်နေတဲ့ အရာတွေကို အရှိန်ရအောင် တက်တက်ကြွကြွနဲ့ ကူညီပေးတဲ့ သူမျိုး
အောင်မြင်ဖို့ အတွက် Right Mentor တစ်ယောက် ရှိဖို့ ထက် အရေးပါတဲ့ အရာ တွေ ရှိသလို Mentorship Power ကို အလေးမထားတဲ့ သူကလည်း အောင်မြင်ဖို့ နည်းပါတယ်။
In case if you don't know me and my wife blogging together, you can read the English version of the same article from his blog "11 Reasons Why You Should Have a Mentor?"

ဒါတွေကတော့ သင့်မှာ ဘာလို့ mentor တစ်ယောက် ရှိသင့်တာလဲ ဆိုတာကို အချက် (၁၁) ချက်နဲ့ ဖော်ပြထားတာပါ။
Reason 1: သူတို့ကသင်အခုလုပ်နေတဲ့ အရာတွေကိုဖြတ်သန်းပြီးမြောက်သွားတဲ့သူတွေပါ။
သင်ရဲ့Career journey မှာ Mentor ကောင်းကောင်းတစ်ယောက်ရှိနေတာက သင့်အတွက်
ကြီးမားတဲ့အကျိုးကျေးဇူးတစ်မျိုးလို့ပြောလို့ရပါတယ်။ ဘာလို့လဲဆိုရင်တော့သင်ရဲ့Career journey မှာကြုံတွေ့ရမယ့် အခက်အခဲတွေကို သူတို့ကိုယ်တိုင် ကြုံတွေ့ ပြီးသွားတဲ့အတွက်သင်ကိုအကြံဉာဏ်ကောင်းတွေများစွာပေးနိုင်မှာမို့လို့ဖြစ်ပါတယ်။

Reason 2: သူတို့ဆီကအကြံဉာဏ်တွေနဲ့ သင့်အတွက်ကုန်မယ့်အချိန်တွေ၊ ငွေတွေကိုသက်သာစေမှာပါ။
သူတို့ကအမှားတွေအများကြီးလုပ်ပြီးသွားပြီးအတွေ့အကြုံရှိတဲ့အတွက် အခုသင်ကြုံတွေ့ရမယ့် အခက်အခဲ တွေကို ဖြေရှင်းဖို့ အဖြေတွေသိပြီးသားဖြစ်နေပါတယ်။ အဲတာကြောင့် သူတို့ဆီကအကြံဉာဏ်တွေရနိုင်ပြီး၊အမှားတွေကိုရှောင်ကြင်နိုင်တဲ့အတွက်အချိန်နှင့်ငွေကိုလဲ သက်သာစေမှာဖြစ်ပါတယ်။

Reason 3: ဘက်လိုက်မှုမရှိဘဲ တိုင်ပင်ပြောဆိုနိုင်မယ်။
Mentors တွေက ဘက်လိုက်မှု မရှိဘဲအကြံဉာဏ် တွေပေးလေ့ရှိပါတယ်။ သူတို့က
သင့်ရဲ့ မိသားစု၊ ဆွေမျိုးတွေလိုမျိုးစိတ်ခံစားချက်တွေအပေါ်အခြေခံပြီး၊ အကြံညဏ်တွေပေးမှာမဟုတ်ပါဘူး။ သင့်ရဲ့တိုးတက်လာမှုရလဒ် တွေကိုကြည့်ပြီး၊ပီတိဖြစ်ခြင်တဲ့အတွက်ကြောင့်သူ့ရဲ့အတန်ဖိုးရှိတဲ့အချိန်တွေကိုအသုံးချပြီး၊ သင့်ကို Mentorအနေနဲ့အကြံပေးလမ်းညွှန်ပေးနေတာပါ။ ဒါကြောင့် ရလဒ်ကောင်းကောင်းရဖို့အတွက်ကိုFocusထားပြီးအကြံပေးမှာဖြစ်ပါတယ်။

Reason 4: သင့်မှာမရှိတဲ့ connections networkတွေရလာနိုင်မယ်။
သူတို့ဆီမှာအဆက်အသွယ်တွေများစွာရှိပါတယ်။သူတို့ကသင့်အတွက်အခွင့်အရေးတံခါးကိုသူတို့ရဲ့ အဆက်အသွယ်တွေနဲ့ ဖွင့်ပေးနိုင်ပါတယ်။ အဆက်အသွယ်ကောင်းကောင်းရှိတာကသင့်အတွက်အခွင့်အလမ်းကို တိုးပွားစေမှာဖြစ်ပါတယ်။

Reason 5: သင့်ရဖူးသမျှထဲမှာ Mentorကအကောင်းဆုံး free service တစ်ခုပါ။
Mentor တစ်ယောက်ရှိခြင်းက သင် ရဖူးသမျှ service တွေထဲမှာ အကောင်းဆုံးဘဲဖြစ်ပါတယ်။ Mentors ကောင်းတစ်ယောက်ဆိုတာက သူတို့ ရဲ့ဝင်ငွေအတွက်မဟုတ်ဘဲ သင့်ရဲ့အောင်မြင်တွေကိုကြည့်ပြီး၊ပီတိဖြစ်ခြင်တဲ့အတွက်ကြောင့် သူ့ရဲ့အတန်ဖိုးရှိတဲ့အချိန်တွေကိုအသုံးချပြီး၊ သင့်ကို Mentorအနေနဲ့ အကြံဉာဏ်ပေးတာဖြစ်ပါတယ်။ ကျွန်မ ကိုယ်တိုင်လဲလူငယ်တွေကို အလုပ်အကိုင် နှင့် စီးပွားရေးနဲ့ပတ်သက်ပြီး Mentorအနေနဲ့ အကြံဉာဏ်တွေပေးဖြစ်ပါတယ်။ အခုလိုအကြံဉာဏ်တွေပေးလို့ ပိုက်ဆံရနေတာမျိုးမဟုတ်ပါဘူး။ သူတို့ တွေတိုးတက်လာကြပြီး၊လိုချင်တဲ့ လမ်းကိုရှေ့ဆက်သွားနိုင်တာကိုကြည့်ပြီးတော့ဝမ်းသာပီတိ ဖြစ်ရပါတယ်။

Reason 6: မတူညီတဲ့ရှူထောင့်ကနေကြည့်ပြီးအကြံညဏ်ပေးနိုင်ခြင်း။
သူတို့ကသင်နဲ့ မတူညီတဲ့ရှူထောင့်ကနေကြည့်ပြီးအကြံညဏ်ပေးနိုင်တဲ့အတွက်ကြောင့်၊ သင်မထင်မှတ်ထားတဲ့အလုပ်ကိုင်အခွင့်လမ်း၊ Talentတွေကိုရှာဖွေတွေ့ရှိနိုင်ဖို့လမ်းညွှန်ပေးကြပါလိပ်မယ်။

Reason 7: Mentor ရှိခြင်းကမရှိခြင်းထက်တဲ့အောင်မြင်ဖို့ရာခိုင်နုန်းပိုများတယ်။
2013 executive coaching survey စစ်တမ်းအရ CEO ၈၀ ရာခိုင်နှုန်းက သူတို့ကိုယ်တိုင်လဲ Mentorship ယူခဲ့ဖူးကြောင်းပြောခဲ့ပါတယ်။ Sage ရဲ့ research မှာလဲ start up ၉၃ ရာခိုင်နှုန်း ကလဲ mentorship ကအောင်မြင်မှုမှာ အရေးပါတဲ့ အရာတစ်ခုဆိုတာ ပြောခဲ့ပါတယ်။ ဘဝနှင့် စီးပွားရေးမှာ အောင်မြင်ချင်တယ်ဆိုရင်တော့ mentors ကောင်းကောင်း ရှိဖို့လိုတယ်လို့မြင်ပါတယ်။

Reason 8: သူတို့ကသင့်ကိုသင်ကိုအသစ်သစ်တွေသင်ယူဖို့အတွက်တွန်းအားပေးပါလိပ်မယ်။
Mentorsတွေက သင့်မှာဘယ်လို Knowledgeတွေ လိုအပ်နေလဲ ဆိုတာကို အလွယ်တကူ သိနိုင်ပါတယ်။ သင်သွားချင်တဲ့ လမ်းပေါ်မူတည်ပြီးဘယ်စာအုပ်၊ blog ၊ website ၊ YouTube channel နှင့် ဘယ်လို tools တွေကို လေ့လာသင့်လဲဆိုတာကိုသူတို့ အတွေ့အကြုံ အရအကြံဉာဏ်ပေးနိုင်တည့်အတွက်ကြောင့် လိုအပ်တဲ့လေ့လာမှူတွေကိုအချိန်တိုတိုအတွင်းထိထိမိမိအကောင်ထည်ဖော်နိုင်မှာဖြစ်ပါတယ်။ အပေါ်မှာပြောခဲ့သလိုဘဲသင်ရဲ့ တိုးတက်မှုတွေကို ကြည့်ပြီးပီတိဖြစ်ခြင်တဲ့အတွက်ကြောင့် သင်ကိုယ်တိုင် မကြိုးစားဘူးဆိုရင်တော့ သူတို့ကလဲသင်နဲ့အတူအချိန်ကုန်ခံပြီးရှိနေပေးမှာ မဟုတ်ပါဘူး။ ဘယ်သူမှ သူတို့ရဲ့ အချိန်တွေကို မဖြုန်းချင်ကြပါဘူး။ သူတို့နဲ့ရေရှည်ဆက်ဆံနိုင်ဖို့ သင်ကိုယ်တိုင်လဲ ကြိုးစားဖို့လိုအပ်ပါတယ်။

Reason 9: မှန်ကန်တဲ့ ရွေးချယ်မှုလုပ်နိုင်ဖို့လည်း ကူညီပေးပါလိပ်မယ်။
တစ်ခါတစ်လေကျရင် ဘယ် career path ကို ရွေးရမှန်း မသိဖြစ်တတ်ပါတယ်။ ဘာကိုတစ်ကယ် လုပ်ချင်လဲဆိုတာကို ဝေခွဲမရတဲ့ အခါမျိုးမှာ သူတို့ကသင့်ကို risks တွေ rewards တွေကိုပြောပြပြီးတော့ ဆုံးဖြတ်ချက်ကောင်းကောင်း ချနိုင်အောင်ကူညီပေးပါလိမ့်မယ်။

Reason 10: အမှားတွေကို အမှန်ပြင်ပေးနိုင်ပါတယ်။
တစ်ခါတစ်လေမှာတော့ အလုပ်အကိုင် နှင့် Entrepreneurship journey တွေမှာ ကြီးကြီး မားမား မျှော်လင့် ထားတာတွေ ဖြစ်မလာနိုင်တာမျိုးတွေရှိပါတယ်။ မှန်တယ် လို့ထင်ပြီးတော့ လုပ်နေတဲ့ အရာတွေကတစ်ခါတစ်လေမှာ မှားနေတတ်ပါတယ်။ တစ်ခြားသူတစ်ယောက် ( mentor)တစ်ယောက်ရဲ့ အမြင်ကိုလဲ နားထောင်ပေးသင့်ပါတယ်။ တစ်ခါတစ်လေ သူတို့ရဲ့ အကြံတွေကလက်ခံရခက်နေတတ်ရင် တောင်မတူညီတဲ့အမြင်ကိုကောင်းကောင်းလက်ခံပေးသင့်ပါတယ်။

Reason 11: သင်ကြုံတွေ့နေရတဲ့ အခက်အခဲတွေကို နားလည်နိုင်ပြီး core values တွေလည်း ဝေမျှနိုင်တဲ့ သူတွေ ဖြစ်တယ်။
Mentor တစ်ယောက်နှင့်ကြာရှည်တဲ့ ဆက်ဆံရေး တစ်ခုရှိထားတယ်ဆိုရင် သင်ဟာကံကောင်းတဲ့သူတစ်ယောက်ပါ။ ဒါဆိုရင်တော့ သင်ဟာ mentor တစ်ယောက်ကို ဘယ်လို ရှာရမလဲ ဆိုတဲ့ စာမေးပွဲကို အောင်သွားပြီလို့ ပြောလို့ရပါတယ်။ တစ်စုံတစ်ယောက်က သင်ကို အချိန်တွေ ပေးပြီး အားစိုက်ထုတ်ပေးတာ အရမ်းကောင်းပါတယ်။ သူတို့ကသင်နဲ့ အတူ ရှိနေပြီးတော့ သင့်ရဲ့ ရုန်းကန် နေရတာတွေကို လဲ နားလည် ပေးနိုင်တဲ့ သူတွေဖြစ်ပါတယ်။
လူတစ်ယောက် အောင်မြင်ဖို့ ဒါမှမဟုတ် ကျရှုံးဖို့ ဆိုတာလည်း Mentor ကောင်း တစ်ယောက် ရှာဖွေနိုင်တဲ့ အပေါ် မူတည်ပါတယ်။ အဲတာကြောင့် ကျွန်မရဲ့ နောက် post မှာ "Mentor တစ်ယောက်ကို ဘယ်လို ရှာရမလဲ " ဆိုတဲ့အကြောင်းအရာကို ဝေမျှသွားမှာမို့ စောင့်မျှော် ပေးပါဦးနော်။

Comentários