top of page

My Early Autobiography / ကျွန်မရဲ့ အစောပိုင်းအတ္ထုပ္ပတ္တိ

I am going to introduce myself from my childhood, my career, and my current entrepreneurship journey. I would like to inspire Myanmar's young people with this blog and also want them to believe that “they can do it if they believe it so”.


ကျွန်မရဲ့ ငယ်ဘဝကနေစပြီး အလုပ်အကိုင်နဲ့ အခုလက်ရှိ စွန့်ဦးတီထွင်မှုခရီးစဉ် အကြောင်းကို ပြောပြပေးသွားမှာပါ။ဒီBlogလေးနဲ့မြန်မာလူငယ်တွေကိုလဲစိတ်ခွန်အားပေးပြီးသူတို့ကိုယ်သူတို့ယုံကြည်မှုရှိရင် ဘာမဆို လုပ်နိုင်တယ် ဆိုတဲ့အကြောင်းအရာကို ယုံကြည်စေချင်ပါတယ်။


Hi, I'm Yu Li Shein, from Myanmar, currently living in Tokyo, Japan. I'm a business executive CEO of the USA branch of Global Innovation Consulting Inc . I have business experiences internationally and having travelled to many places. I co-founded a company called Openfor.co Inc which is located in the United States. Openfor.co,inc. is a B2B Partnership Development Solutions company. I am married and my husband's name is Erdinc Ekinci. He is my both life and business partner. Thus, we have co-founded our company as a married couple. With this blog, I would like to share my experiences, useful information, and career advice in Burmese and English.


ကျွန်မနာမည် ယူလီရှိန်လို့ခေါ်ပါတယ်။ ယခု Japan နိုင်ငံ Tokyo မြို့မှာ နေထိုင်နေပါတယ်။ ကျွန်မက Global Innovation Consulting Inc အမေရိကန်ရုံးခွဲ ၏ CEO တစ်ယောက် ဖြစ်ပါတယ်။ ကျွန်မမှာ အပြည်ပြည်ဆိုင်ရာ အတွေ့အကြုံရှိပြီး နိုင်ငံတော်တော် များများကို ခရီးသွားဖူးပါတယ်။ အခုဆိုရင် အမေရိကန်မှာ Openfor.coIncကို co-founder အဖြစ်တည်ထောင်ထားပါတယ်။ ကျွန်မက လက်ထပ်ပြီးဖြစ်ပြီး ကျွန်မယောက်ျားနာမည်ကတော့ Erdinc Ekinci လို့ခေါ်ပါတယ်။။ သူက ကျွန်မရဲ့ ဘဝ လက်တွဲဖော်ဖြစ်သလို စီးပွားရေးလုပ်ဖော်ကိုင်ဖက်လဲဖြစ်ပါတယ်။ အဲဒါကြောင့် company ကိုအတူတူ တည်ထောင်ခဲ့တာဖြစ်ပါတယ်။ အခု blog မှာ ကျွန်မရဲ့ အတွေ့အကြုံတွေနဲ့ တန်ဖိုးရှိတဲ့ informationတွေ၊ အလုပ်အကိုင်အတွက် အကြံဉာဏ်တွေကို မြန်မာလိုရော English လိုရော ဝေမျှသွားမှာဖြစ်ပါတယ်။

My childhood background and my hometown

ကျွန်မရဲ့ ငယ်ဘဝနှင့်မွေးရပ်မြေ


I was born in 1987 on a very small island which is located in the southern part of Myanmar called “Kyaukker'' (ကျောက်ကာကျေးရွာ) in Tanintharyi Region, Myanmar. It is only possible to go there by boat. Nearest biggest city is Myeik and it takes 3 hours by boat. From Yangon to there, it takes 2 days by bus and boat. Nowadays it takes one day by bus and boat. Kyaukker has become one of the tourist attractions in the area recently. Population is around 10,000 and the overall island distance is around one mile. Most people are making their living by fishing. When I was young, there was only one school for all Elementary and Middle students on the island. Now there is also a High School on the island.

ကျွန်မကို ၁၉၈၇ ခုနှစ်တုန်းက မြန်မာနိုင်ငံတောင်ဘက်ပိုင်းမှာရှိတဲ့ တနင်္သာရီတိုင်းဒေသထဲက အလွန်သေးသော ကျောက်ကာကျေးရွာလို့ခေါ်တဲ့ ကျွန်းလေးမှာ မွေးဖွားခဲ့ပါတယ်။ အဲနေရာကို လှေနဲ့ဘဲသွားလို့ရပါတယ်။ အနီးဆုံးမြို့ကြီးဆိုရင် မြိတ်မြို့ဖြစ်ပြီး လှေနဲ့ သုံးနာရီလောက် သွားရပါတယ်။ ရန်ကုန်ကနေ အဲဒီနေရာကိုသွားမယ် ဆိုရင်အရင်တုန်းက ကားနဲ့ရော လှေနဲ့ရော ၂ ရက် လောက် သွားရပါတယ်။ အခုတော့ တစ်ရက်ဆိုရင် ရောက်ပါပြီ။ ကျောက်ကာကျေးရွာက အခုဆိုရင် ခရီးသွားတွေကို ဆွဲဆောင်နိုင်တဲ့ နေရာတစ်ခု ဖြစ်နေပါပြီ။ လူဦးရေ တစ်သောင်းဝန်းကျင်ရှိပြီးတော့ စုစုပေါင်းအရှည်က တစ်မိုင်လောက်ရှိပါတယ်။ လူအများစုကတော့ ငါးဖမ်းပြီး အသက်မွေးဝမ်းကျောင်းပြုကြပါတယ်။ ကျွန်မငယ်ငယ်တုန်းကဆိုရင် ကျွန်းပေါ်မှာ မူကြိုရော အလယ်တန်းကျောင်းပဲ ရှိခဲ့ပါတယ်။ အခုဆိုရင်တော့ အထက်တန်းကျောင်းထိ ရှိနေပါပြီ။




My childhood on the island was full of life , colorful and that time is one of the best parts of my life. My parents' names are U Gin Shein and Daw Mar Mar Lwin. They were making a living by selling machine parts that are necessary for fisherman boat machinery, doing other small trading and agricultural business. They both couldn't reach high school education. They are humble, hardworking, entrepreneurial individuals who are ambitious about their children, especially my father. They always wanted their children to achieve higher education than them.

ကျွန်းပေါ်မှာနေခဲ့တဲ့ ကျွန်မငယ်ဘဝက အရမ်းပျော်ဖို့ကောင်းပြီး အဲ့အချိန်တွေဟာ ကျွန်မဘဝရဲ့ အကောင်းဆုံးအစိတ်အပိုင်းဖြစ်ပါတယ်။ ကျွန်မ မိဘတွေနာမည်က ဦး ဂင်ရှိန် နှင့် ဒေါ်မာမာလွင် ဖြစ်ပါတယ်။ သူတို့တွေက ငါးဖမ်းလှေ နဲ့ တစ်ခြားစက်ပစ္စည်းတွေမှာ လိုအပ်တဲ့ အစိတ်အပိုင်းတွေကို ရောင်းချပြီး တစ်ခြားအသေးစားကုန်သွယ်ရေး၊ စိုက်ပျိုးရေးလုပ်ငန်းတွေနဲ့ အသက်မွေးဝမ်းကြောင်း ပြုကြပါတယ်။ သူတို့နှစ်ယောက်လုံးက အထက်တန်းပညာရေးကို မရောက်ရှိခဲ့ပါဘူး။ သူတို့က ပျော်ပျော်နေတတ်ပြီးသူတို့ကလေးတွေရဲ့ပညာရေးနဲ့ပတ်သက်ပြီးအလွန်ရည်မှန်းချက်ကြီးတဲ့စွန့်ဦးတီထွင်သူများ ဖြစ်ပါတယ်။ အထူးသဖြင့် ကျွန်မအဖေပါ။ သူတို့က အမြဲတမ်း သူတို့ကလေးတွေကို သူတို့ထက် ပညာရေးမြင့်မြင့်မားမား ရစေချင်ကြပါတယ်။

I still remember what my father always said to me when I was young “Go to foreign country and work with computers and find a job that you can work by using your brain”. He had no idea about what a computer looked like and he had never seen a computer outside whenever he was talking about computers. I can say that my father is quite different from others in the island and he always enjoyed trying new things such as bringing new finishing technology to the island, satellite, creating rice mill machines from scratch, etc. Because of his vision, I was sent to Yangon (Former Capital City of Myanmar) when I was about to attend middle school. Therefore, It was the beginning of my early exciting journey.

ကျွန်မ ငယ်ငယ်တုန်းက အဖေက အမြဲပြောနေကျစကားကို ခုချိန်ထိမှတ်မိပါသေးတယ်။ နိုင်ငံခြားသွားပြီးကွန်ပျူတာတွေနဲ့အလုပ်လုပ်ဖို့နဲ့ဦးနှောက်ကိုသုံးပြီးလုပ်ရတဲ့အလုပ်ကိုလုပ်ဖို့အမြဲပြောခဲ့တယ်။ ကွန်ပျူတာဘယ်လိုပုံလဲ ဆိုတာတောင်

သူမသိခဲ့ပါဘူး။ သူကွန်ပျူတာအကြောင်း ပြောခဲ့တုန်းက ကွန်ပျူတာကို အပြင်မှာမမြင်ခဲ့ဖူးဘူး။ ကျွန်မအဖေက ကျွန်းပေါ်မှာရှိတဲ့ တစ်ခြားသူတွေနဲ့ တော်တော် မတူဘူးဆိုတာတော့ ပြောနိုင်ပါတယ်။ သူကအမြဲတမ်း အသစ်အဆန်းတွေလုပ်ရတာ နှစ်သက်ပါတယ်။ ဥပမာ ငါးဖမ်းနည်းအသစ်တွေ ကျွန်းကိုယူလာတာမျိုး။ သူရဲ့ ရေရှည်မျှော်မှန်းချက်ကြောင့် အလယ်တန်းရောက်တော့ ကျွန်မကို ရန်ကုန်ကိုပို့ခဲ့ပါတယ်။ အဲဒါကြောင့် အဲဒါက ကျွန်မရဲ့ ခရီးစဉ်ရဲ့ အစဖြစ်လာပါတယ်။


Struggle In City Life

မြို့မှာနေရစဉ်က တွေ့ကြုံခဲ့ရသော အခက်အခဲများ


I was living in Sanchaung Township, Yangon in my aunt’s apartment (my mother’s sister) mostly and my aunt has three children who are all boys. Her apartment is 12ft x 50ft. Her family is already 5 members and plus there were always at least one or two guests staying there . So around total 10 people were living together in that small apartment. For a certain time in high school and university, I lived in my uncle's house. My aunt (Aunty Than Maw) and My uncle (Uncle Myint Lwin) are my biggest supporters after my parents because they provided me a lot when I was struggling with living space, eating portions, transportation, living style, friends , communication and education level differences, especially English.

ကျွန်မက ရန်ကုန်မြို့ စမ်းချောင်းမြို့နယ်မှာ ရှိတဲ့ အဒေါ်အိမ်မှာ နေခဲ့ပါတယ်။ အဒေါ်မှာ ကလေးသုံးယောက် ရှိပါတယ်။ သူမရဲ့ တိုက်ခန်းက ၁၂ပေ x ပေ၅၀ ရှိပါတယ်။ သူမမိသားစု မှာ လူဦးရေငါးယောက်ရှိပြီး အိမ်မှာလာတည်းတဲ့ဧည့်သည်က တစ်နေ့ကို အနည်းဆုံး တစ်ယောက် ဒါမှမဟုတ် နှစ်ယောက်ရှိစမြဲဖြစ်ပါတယ်။ အဲဒါကြောင့် ၁၀ယောက်ဝန်းကျင်လောက်က အဲ့ဒီ တိုက်ကျဉ်းကျဉ်းလေးထဲမှာ တူတူနေကြရတယ်။ အထက်တန်းနဲ့ တက္ကသိုလ် တက်ရတဲ့အချိန်တွေမှာ နေထိုင်ဖို့နေရာ၊ အစားအသောက်၊ သွားလာရေး၊ သူငယ်ချင်း၊ ဆက်သွယ်ရေး၊ ပညာရေး ကွာဟမူတွေ အထူးသဖြင့် English စာနဲ့ ခက်ခဲနေခဲ့တဲ့ အချိန်တွေမှာ အဒေါ် သန်းမော်နှင့် ဦးလေးမြင့်လွင် တို့မိသားစုက မိဘတွေပြီးရင် အကြီးမားဆုံး ထောက်ပံ့ပေးတဲ့ သူတွေဖြစ်ပါတယ်။

In my hometown Island, I was living in a big house and island road, mountain and sea were my playground. I ate unlimited food, wore whatever I wanted. Most of my clothes were always dirty and teared off somewhere because I was playing all the time. I was a little girl with dark color skin, dirty clothes, short hair and full of curiosity for everything. After moving to the city, I felt as if every freedom was taken away from me. I had to live in a small apartment with another family, no children were playing on the road and at school besides they were acting like adults. You can imagine how that little girl from the small island would struggle in Yangon City Life. I think I adapted most of City Life very quickly except English skill. It took 4 years to be able to reach the same English level of other city students. Even Though I was not very happy in City life, I motivated myself by thinking “I should be grateful that I am able to live in the City unlike my friends from the Island. This pushed me one step closer to my dreams. ”

ကျွန်မရဲ့ ဇာတိမြေကျွန်းလေးမှာ ကျွန်မက အိမ်အကြီးကြီးနဲ့ နေခဲ့တယ်။ ကျွန်းလမ်းမရယ် တောင်တန်းရယ် ပင်လယ်ရယ်ဟာ ကျွန်မရဲ့ ကစားကွင်းပါတွေဖြစ်ခဲ့ပါတယ်။ စားချင်သမျှ စားပြီး ဝတ်ချင်သလို ဝတ်ခဲ့တယ်။ အချိန်ပြည့် ကစားနေခဲ့လို့ အင်္ကျီအများစုက ညစ်ပတ်စုတ်ပြတ်သွားတဲ့အထိပါပဲ။ ကျွန်မဟာ ဆံပင်တိုတို အသားမည်းမည်းနဲ့ ညစ်ပေတဲ့အဝတ်တွေ ဝတ်ပြီး သိလိုစိတ်ပြင်းပြတဲ့ ကလေးမလေးတစ်ယောက် ဖြစ်ခဲ့ပါတယ်။ မြို့ပြကို ပြောင်းရွှေ့ပြီးတဲ့နောက်မှာ ကျွန်မရဲ့ လွတ်လပ်မှုတွေ အကုန်ပျောက်ဆုံးသွားသလို ခံစားရခဲ့တယ်။ တိုက်ခန်းကျဉ်းလေးထဲမှာ သူများမိသားစုနဲ့ အတူနေရတယ်။ရန်ကုန်မှာ ကလေးတွေ လမ်းပေါ်မှာ ကစားနေတာ ကျောင်းမှာ ကစားနေတာမျိုး သိပ်မရှိခဲ့ဘူး။ ကျွန်းသေးသေးလေးက ကောင်မလေးတစ်ယောက် ရန်ကုန်မြို့ပြဘဝမှာ ရုန်းကန်နေရတာကို မြင်ယောင်ကြည့်နိုင်ပါတယ်။ Englishစာကလွဲရင် ကျန်တဲ့ အရာတွေမှာ မြန်မြန်ဆန်ဆန် လိုက်မှီနိုင်ခဲ့ပါတယ်။ မြို့က ကလေးတွေရဲ့ English အဆင့်ကို လိုက်မှီအောင် လေးနှစ်လောက်ကြိုးစားခဲ့ရပါတယ်။ မြို့မှာနေရတဲ့ဘဝကို မကြိုက်ပေမယ့်လည်း ကျွန်းက သူငယ်ချင်းတွေနဲ့ မတူဘဲ မြို့မှာနေနိုင်တာကို ကျေးဇူးတင်သင့်တယ်ဆိုတာ တွေးပြီး ကိုယ့်ကိုကိုယ့် စိတ်ခွန်အားပေးခဲ့တယ်။ အဲဒါကပဲ ကျွန်မအိမ်မက်တွေဆီ ခြေတစ်လှမ်းတွန်းပို့လိုက်သလို ဖြစ်ခဲ့ပါတယ်။


My School Choice

ကျွန်မ၏ ကျောင်းရွေးချယ်မှု


In Sanchaung Township, there were a total of 4 high schools (Sanchaung No.1, 2, 3, 4 High School like that) . Number 1, Number 2 does not mean Top 1 and Top 2 . Those numbers are part of the School Name. Number 2 High School Sanchaung has a quite a good reputation and one of the highest ranking schools in Yangon. Every parent wanted their children to go to that school in Sanchaung. But entrance fees were quite expensive and they asked quite a decent amount of money. My parents have decided to send me to the school called “Number 1 High School Sanchaung instead of Number 2 school. I think my parents made a good decision and we were not rushing with the crowd. I got a lot of good attention from teachers in school and was always in top 3 in school. I even had a chance to compete directly with top students of other high schools such as Number 2 high school Sanchaung in Township to Township level competition. I started to realize how beneficial it is to choose a niche and not follow what the crowd follows.

စမ်းချောင်းမြို့နယ်မှာတော့ နံပါတ်(၁)၊(၂)၊(၃)၊(၄)ဆိုပြီးတော့ အထက်တန်းကျောင်း လေးကျောင်းရှိပါတယ်။ (နံပါတ်(၁)၊(၂)တွေကအဆင့်ကို ပြောတာမဟုတ်ပါဘူး) ဒီနံပါတ်တွေကတော့ ကျောင်းရဲ့နာမည်သာဖြစ်ပါတယ်။ အ.ထ.က(၂)၊စမ်းချောင်းက တကယ့်ကိုဂုဏ်သတင်းကျော်ကြားပြီး ရန်ကုန်မှာရှိတဲ့ အဆင့်ကောင်းတဲ့ကျောင်းတွေထဲက တစ်ကျောင်းဖြစ်ပါတယ်။ စမ်းချောင်းမှာတော့ မိဘတိုင်းက ကိုယ့်ရဲ့သားသမီးတွေကို ဒီကျောင်းမှာ တက်စေချင်ကြပေမဲ့ ကျောင်းဝင်ကြေးမှာ တကယ်စျေးကြီးပြီး ကျောင်းအနေနဲ့သင့်လျော်တဲ့ ကျောင်းဝင်ကြေးကို တောင်းဆိုပါတယ်။ ကျွန်မရဲ့ မိဘတွေက ကျွန်မကို အ.ထ.က (၂) အစား အ.ထ.က(၁)၊ စမ်းချောင်းမှာ ထားဖို့ ဆုံးဖြတ်ခဲ့ကြပါတယ်။ ကျွန်မကတော့ ဆုံးဖြတ်ချက်ကောင်းကောင်းချခဲ့တယ် လို့ထင်ပါတယ်။ ကျွန်မက ဆရာ၊ဆရာမတွေရဲ့ အလေးပေးမှုကို ရခဲ့ပြီးတော့ အမြဲတမ်း အဆင့်(၁)(၂)(၃) ဝင်ခဲ့ပါတယ်။ အ.ထ.က(၂)၊စမ်းချောင်းလိုမျိုး အထက်တန်းကျောင်းကကျောင်းသားတွေနဲ့အပြိုင် မြို့နယ်အဆင့် စာမေးပွဲတွေအထိ ယှဉ်ပြိုင်ခဲ့ရပါတယ်။ လူအများတက်ချင်တဲ့အကောင်းဆုံးကျောင်းမှာတက်ခွင့်မရပေမဲ့ ကိုရရှိတဲ့အခွင့်အရေး ရောက်တဲ့နေရာမှာအကောင်းဆုံးကြိုးစားရင်မမျော်မှန်းဒီထားတဲ့အခွင့်အရေးတွေရနိုင်ပြီးလိုချင်တဲ့ပန်းတိုင်ကိုရောက်နိုင်တယ်ဆိုတာကိုနားလည်ခဲ့ပါတယ်။


My University Choice

ကျွန်မ၏ တက္ကသိုလ် ရွေးချယ်မှု


I passed High School with an average grade with 3 distinctions but it was not enough to enter the Medical University which was everybody’s dreams at that time. I was happy with my result because I was lucky enough to enter Computer University in Yangon. That was my original plan from my childhood with my father. I used the word “lucky” for not being able to enter Medical University. If I had very good grades in High School that was enough to enter Medical University, I would not be here now. All my environments and relatives might force me to be a doctor, might be in some small town of Myanmar and conduct doctor related duties.

ကျွန်မက အထက်တန်းကို ဂုဏ်ထူးသုံးဘာသာနဲ့ သာမန်လေးအောင်ခဲ့ပေမဲ့ အဲ့အချိန်က လူတိုင်းရဲ့အိမ်မက်ဖြစ်တဲ့ ဆေးကျောင်းကိုတက်ရောက်ဖို့ အမှတ်မမှီခဲ့ပါဘူး။ ကံကောင်းစွာနဲ့ပဲ ရန်ကုန်မှာ ကွန်ပျူတာတက္ကသိုလ်တက်ဖို့ အမှတ်မှီခဲ့ပါတယ်။ ဒါကြောင့်ပဲ ကျွန်မရဲ့စာမေးပွဲရလဒ်ကို ကျေနပ်ခဲ့ပါတယ်။ ဒါကငယ်ငယ်ကတည်းက ကျွန်မနဲ့ကျွန်မအဖေရဲ့ မူလအစီအစဉ်ဖြစ်ပါတယ်။ ကျွန်မက ဆေးတက္ကသိုလ်မတက်ခဲ့ရလို့ ကံကောင်းတယ်လို့မှတ်ယူပါတယ်။ ကျွန်မအထက်တန်းမှာ ဆေးကျောင်းတက်ဖို့ အမှတ်ကောင်းခဲ့မယ်ဆိုရင် ဒီအချိန်မှာတော့ ကျွန်မလက်ရှိနေရာမှာရှိမှာမဟုတ်ပါဘူး ။ ကျွန်မရဲ့ပတ်ဝန်းကျင်မှာရှိတဲ့သူတွေနဲ့ဆွေမျိုးတွေဆေးကျောင်းတက်ဖို့နဲ့ဆရာဝန်ပဲလုပ်ဖို့ပဲတိုက်တွန်းကြလိမ့်မယ်ထင်ပါတယ်။

I was the 15th batch student of Computer University which had around 1,500 students. In the second year of university, we had to choose majors CT(Computer Technology) and CS(Computer Science). Around 80% (1,300 students) chose CS and 20% (200 students) chose CT. Most CT students were boys. Honestly I did not understand and clear that much which major I should choose. I think I wanted to do software related jobs because I liked to learn about coding but I was really bad at memorization and good at calculating related things. I tried to reach out to the people who might be able to give advice and better directions. I met one private class teacher. I cannot remember his name. He is a very intelligent guy and used to have all time Roll 1 in his Electrical Engineering University and was opening his own private class. I asked his opinion and advice by mentioning my conditions that I still need to work for my university fees, I am not good at memorizing but I still love coding and I am not sure about the infra, hardware related job as my career.

ကျွန်မက ကျောင်းသား၁၅၀၀ခန့်လောက် တက်ရောက်တဲ့ ကွန်ပျူတာတက္ကသိုလ်ရဲ့ အမှတ်စဉ် (၁၅) အသုတ်မှာ တက်ရောက်ခဲ့ပါတယ်။ ကျွန်မတို့က ဒုတိယနှစ်မှာ ကွန်ပျူတာနည်းပညာနဲ့ ကွန်ပျူတာသိပ္ပံထဲမှ အထူးပြုဘာသာကို ရွေးချယ်ရပါမယ်။ ကျောင်းသား ၁၃၀၀(၈၀%) ကတော့ Computer Science (CS)ကို ရွေးချယ်ခဲ့ကြပြီး ကျောင်းသား ၂၀၀(၂၀%)က Computer Technology (CT) ကို ရွေးချယ်ခဲ့ကြတယ်။ အမှန်တိုင်းပြောရမယ်ဆိုရင် ကျွန်မ ဘယ်မေဂျာကို ရွေးချယ်ရမလဲဆိုတာ သိပ်နားမလည်ခဲ့ဘူး။ Codingလေ့လာရတာကြိုက်လို့ softwareနှင့်ပတ်သက်တဲ့ အလုပ်ကို လုပ်ချင်တယ်လို့ ထင်ခဲ့ပါတယ်။ကျွန်မကိုယ့်ကိုကို အလွတ်ကျက်တဲ့နေရာမှာ တကယ်ညံ့ပေမဲ့ အတွက်အချက်ပိုင်းမှာတော့ တော်တယ် လို့ထင်ပါတယ်။ ကျွန်မက အကြံဉာဏ်နဲ့ ပိုကောင်းတဲ့ညွှန်ကြားချက်တွေ ပေးနိုင်တဲ့မဲ့သူတွေကို အဆက်အသွယ်ရဖို့ ကြိုးစားခဲ့တယ် ။ ကံကောင်းစွာနဲ့ပဲကျွန်မဆရာတစ်ယောက်နဲ့ တွေ့ခဲ့တယ်။ သူရဲ့နာမည်ကို မမှတ်မိပေမဲ့ သူကအရမ်းတော်ပြီး လျှပ်စစ်အင်ဂျင်နီယာတက္ကသိုလ်မှာ အမြဲတမ်း အဆင့်တစ်ရခဲ့ဖူးတယ်။ သူက ကိုယ်ပိုင်သင်တန်းလဲ ဖွင့်ထားတယ်။

ကျွန်မတက္ကသိုလ်စားရိတ်အတွက် အလုပ်လုပ်ဖို့လိုတဲ့အကြောင်းပြောပြီး ဘယ်မေဂျာကိုရွေးချယ်သက်သလဲလို့ သူဆီက အမြင်နဲ့အကြံဉာဏ်တွေ တောင်းခဲ့တယ်။

He suggested to me to choose “Computer Technology(CT)” that focuses and specialize on hardware, networking and infrastructure) over “Computer Science(CS) ” that focus and specialize on software and programming my conditions. I chose Computer Technology(CT) as he suggested because major subjects are almost the same with Computer Science(CS) including programming coding subjects and other different subjects for CS and CT is CS needs memorizing and CT needs calculation even though most CS subjects might be more suitable to my career interest. As a result, I am able to land my first job as a software engineer in Japanese Company after graduation and I will explain to you about it in a later section. Thanks to him.

ကျွန်မကို ဆရာက“Computer Science(CS) ” မဟုတ်ပဲ “Computer Technology(CT)”ကိုရွေးချယ်ဖို့အကြံပြုခဲ့ပါတယ်။ “Computer Technology(CT)”က hardware၊ networking နဲ့infrastructure ကိုအထူးပြုပါတယ်။ “Computer Science(CS)”ကSoftware၊Codingကိုအထူးပြုပါတယ်။ ရလဒ်အနေနှင့်ကျွန်မ Computer Technology(CT)”ကို ရွေးချယ်ခဲ့ပေမယ့် ဘွဲ့ရပြီးနောက် ဂျပန်ကုမ္ပဏီမှာ ကျွန်မလုပ်ချင်တဲ့ ဆော့လ်ဝဲအင်ဂျင်နီယာအနေနဲ့ ပထမဆုံးအလုပ်အဖြစ်အခြေချနိုင်ခဲ့ပါတယ်။အဲဒီအကြောင်းကို နောက်အပိုင်းမှာ အသေးစိတ် ပြောပြပေးသွား ပါမယ်။ ဆရာ့ကို ကျေးဇူးတင်ပါတယ်။

During my university time, I was attending outside class for almost every subject of the first year. After I met with him, I only attended major subjects in outside class and tried to learn by myself and attended university class regularly with his advice. In third year, I removed most of the outside paid class and learned everything myself by just only attending the university class regularly. The same time I needed to work as a part time tutor after university 4Pm to 10PM on weekdays and 10AM to 8PM on weekends.

တက္ကသိုလ်ရဲ့ ပထမနှစ်မှာဘာသာရပ်တော်တော်များများကို အပြင်သင်တန်းတက်ရောက်ခဲ့တယ်။ ကျွန်မဆရာနဲ့ တွေ့ပြီးတဲ့နောက် အထူးပြုသာသာရပ်တွေကိုသာ အပြင်သင်တန်း တက်ရောက်ခဲ့ပြီးတခြားဘာသာရပ်တွေကို ကိုယ်ကိုယ်တိုင်သင်ယူရန် ကြိုးစားခဲ့ပါတယ်။ ပြီးတော့ တက္ကသိုလ်ကအတန်းကို ပုံမှန်တက်ခဲ့ပါတယ်။ တတိယနှစ်မှာတော့ ပိုက်ဆံပေးရတဲ့ အပြင်သင်တန်းအားလုံးက ထွက်ခဲ့ပြီး အတန်းမှန်မှန်တက်ပြီးတော့သာ ဘာသာတိုင်းကို ကိုယ့်ဘာသာ လေ့လာသင်ယူခဲ့ပါတယ်။ တစ်ချိန်တည်းမှာပဲ တက္ကသိုလ်ပြီးချိန် ကြားရက်ညနေ(၄)နာရီမှ ည(၁၀)နာရီအထိနှင့် ပိတ်ရက်မနက်(၁၀)နာရီမှ ည(၁၀)နာရီအထိ အချိန်ပိုင်းနည်းပြအဖြစ် အလုပ်လုပ်ခဲ့ပါတယ်။

In the beginning, I taught high school students mostly including international private school students and very few were university students. I realized that teaching high school students will not bring any extra value for me except money and then I decided to focus on teaching university students. I taught first year computer university students when I was in second year university student, taught to second year when I was in third year in so on.. I also taught the same class colleges by sharing my tips in my free time. In my university time, my tips were quite popular because I always found shortcuts , summarized tips and notes for not needing to memorize things a lot. They even brought good notes from outside private class to summarize and understand them without needing to memorize a lot. It was helpful for me for teaching my own class friends because I remembered better when I explained something more than practicing alone. As a result , I was able to have good and supportive friends around me. I was grateful to every friend who supported me in my university time.

အစမှာတော့ နိုင်ငံခြားပုဂ္ဂလိကကျောင်းသားတွေအပါအဝင် အထက်တန်းကျောင်းသားအများစုနဲ့ တက္ကသိုလ်ကျောင်းသားအနည်းငယ်ကိုသာ သင်ကြားပေးခဲ့တယ်။ အထက်တန်းကျောင်းသားးတွေကို သင်ကြားပေးတာက ကျွန်မအတွက် ပိုက်ဆံကလွဲလို့ တခြားဘာမှ အကျိုးမပြုဘူးဆိုတာ သိလာခဲ့တယ်။ အဲဒီနောက်မှာတော့ ကျွန်မက တက္ကသိုလ်ကျောင်းသားတွေကို သင်ကြားရာမှာ အာရုံစိုက်ဖို့ ဆုံးဖြတ်ခဲ့တယ် ။ဒုတိယနှစ်မှာ ပထမနှစ်ကျောင်းသားတွေကို သင်ကြားပေးခဲ့တယ်။ တတိယနှစ်မှာ ဒုတိယနှစ်ကျောင်းသားတွေကို သင်ကြားပေးခဲတယ်။ ကျွန်မက ကောလိပ်က ရွယ်တူသူငယ်ချင်းတွေကိုလဲ အကြံပေးချက်များ ဝေမျှရင်း အားလပ်ချိန်မှာ စာသင်ခဲ့ပါတယ်။ တက္ကသိုလ်တုန်းက ကျွန်မက အလွတ်ကျက်ဖို့ မလိုတဲ့ဖြတ်လမ်း၊ အကျဉ်းချုပ် မှတ်စုများကသူငယ်ချင်းတွေကြားမှာနာမည်ကြီးခဲ့ပါတယ်။တစ်ယောက်တည်းလေ့ကျင့်ရတာထက် တစ်ယောက်ယောက်ကို ရှင်းပြရတာမှ ပိုမှတ်မိတာကြောင့် ကျွန်မရဲ့သူငယ်ချင်းတွေကိုအားနေတဲ့အချိန်မှာရှင်းပြပေးလေ့ရှိပါတယ်။ ရလဒ်အနေနှင့် ကျွန်မကို Supportingပေးတဲ့ သူငယ်ချင်းကောင်းတွေ ရခဲ့ပါတယ်။ တက္ကသိုလ်တုန်းက Supportingလုပ်ပေးခဲ့တဲ့ သူငယ်ချင်းအားလုံးကို ကျေးဇူးတင်ပါတယ်

I like to mention here one of my friends specifically who supported me a lot. Not only her but also her parents also supported me a lot in many ways. Her name is Htet Htet Aung (her nickname is Panda and Sapphire Htet). Her parents are U Thaung Nyut and Daw Po. I lived in their house especially whenever the exam was closer. They let me stay in their house, provided food for me from breakfast to dinner and sent me to university by car together with their daughter. Of course I contributed back by sharing my tips to my friend and explaining to her some lectures for better understanding. But I gained more than I gave to her. I still feel grateful for those times and I still am not able to give back anything yet to them. As I mentioned before , It was so hard to study and focus in my own house which is my aunt's house. Without her family support, I might not be able to achieve what I achieved in my university time. I mostly studied in my class whenever there was free time, on the school bus and Htet Htet's house. All my friends told me you always study all the time in class without resting and why not hanging out with us. I wished I could hang out with my friends while I was in University but my condition did not give me those chances. But I feel little regret for not spending my time enough for fun things honestly.

ကျွန်မကို အမြဲအကူအညီပေးခဲ့တဲ့ သူငယ်ချင်းတွေထဲက တစ်ယောက်အကြောင်း ပြောပြချင်တယ်။ သူမ သာမက သူမရဲ့ မိဘတွေကပါ ကျွန်မကို အများကြီး အားပေးကူညီခဲ့တာပါ။ သူမကတော့ ထက်ထက်အောင်ပါ။ သူ့ကို Panda လို့လဲခေါ်တယ်။ Sapphire Htet လို့လဲ ခေါ်လို့ရတယ်။ သူမမိဘတွေကတော့ ဦးသောင်းညွန့်နဲ့ ဒေါ်ပိုပါ။ စာမေးပွဲနီးတိုင်း သူမတို့အိမ်မှာ ကျွန်မသွားနေခဲ့တယ်။ နေစရာအပြင် စားစရာ သောက်စရာပါ စီစဉ်ပေးတယ်။ ကျောင်းကိုလဲ သူတို့သမီးနဲ့အတူတူ ကားနဲ့လိုက်ပို့ပေးတယ်။ ကျွန်မက သူမကို စာတွေ ရှင်းပြခဲ့တယ်။ စာကူလုပ်ပေးခဲ့တယ်။ ဒါပေမယ့် ကျွန်မပေးခဲ့တာထက် သူမက ကျွန်မကို ပိုပြီးပေးခဲ့တာပါ။ အခုချိန်ထိ ကျွန်မက အရင်အချိန်တွေအတွက် သူတို့ကို ကျေးဇူးတင်နေတုန်းပါပဲ။ အရင်က ကျွန်မပြောပြခဲ့သလိုပဲကျွန်မ အဒေါ်အိမ်မှာနေပြီး စာလုပ်ဖို့ဆိုတာ ခက်ခဲပါတယ်။ သူတို့အိမ်မှာသာ ခေါ်မနေခဲ့ရင် ကျွန်မ တက္ကသိုလ်မှာရခဲ့တဲ့ အောင်မြင်မှုတွေကို ရမှာ မဟုတ်ပါဘူး။ အားလပ်ချိန်တိုင်း ကျွန်မ စာလုပ်နေတာများတယ်။ ကျောင်းစာသင်ခန်းထဲမှာ၊ ကျောင်းကားပေါ်မှာ ထက်ထက်ရဲ့ အိမ်မှာ အမြဲတမ်းလို စာလုပ်နေခဲ့လို့ သူငယ်ချင်းတွေကတောင် မေးကြတယ်။ဘာလို့အနားမယူဘဲ စာပဲလုပ်နေတာလဲ၊ ဘာလို့ သူတို့နဲ့ အပြင်လိုက်မလည်တာလဲတဲ့။ ကျွန်မလဲ တက္ကသိုလ်တက်ရင်း သူငယ်ချင်းတွေနဲ့ လျှောက်လည်ချင်ခဲ့ပါတယ်။ ကျွန်မရဲ့ ဘဝအခြေအနေက လည်ပတ်ဖို့ အခွင့်အရေးမရှိပါဘူး။အမှန်ပြောရရင်သူငယ်ချင်းတွေနဲ့ပျော်ပျော်ပါးပါးသိပ်မနေခဲ့တဲ့အတွက်နောင်တရမိပါတယ်။

I like to mention to you another one of the important things in my university life (Only very close friends know about it.) which is I did not have my own personal computer until I attended the master class in computer university. I was practicing my keyboard skills by asking to use friends' computers and internet cafes mostly. I could not run any code and program on the computer before Master. You might not believe it but it was real. With the given conditions, I always motivated myself that “Let's do what you can do the best with what you have”. As a result, I finished my master's degree within 6 years and I was the “All time Roll 1” in CT major of the 15th batch. Actually It is not a very good sign for University that one student like me is able to achieve Roll 1 without having real practices. I think some students who had more practices than me might deserve Roll 1. Computer University Looks like having a lot of improvements unlike my university time.

ကျွန်မနောက်ထပ် တက္ကသိုလ်ဘဝ အတွေ့အကြုံတစ်ခုကို ပြောပြချင်ပါသေးတယ်။ ကျွန်မရဲ့ အရင်းနှီးဆုံးသူငယ်ချင်းတွေလောက်ပဲသိတဲ့အရာပါ။အဲဒါကတော့ ကျွန်မ ကွန်ပြူတာတက္ကသိုလ်မှာ မာစတာတက်တဲ့အထိ ကိုယ်ပိုင်ကွန်ပြူတာမရှိခဲ့တာပါပဲ။ ကျွန်မက သူငယ်ချင်းတွေရဲ့ ကွန်ပြူတာတွေ သုံးပြီး Computer လေ့ကျက်ပါတယ်။ မာစတာတန်းမတက်ခင်အထိ ကျွန်မက ကွန်ပြူတာမှာ code တွေ program တွေ မသုံးတတ်ခဲ့ပါဘူး။ ယုံချင်မှ ယုံလိမ့်မယ်။ ဒါက အမှန်တကယ်ဖြစ်ခဲ့တာပါ။ ဘယ်လိုအခြေအနေမှာပဲ ဖြစ်ဖြစ် ကျွန်မက ကိုယ့်ကိုကိုယ် “တတ်နိုင်သလောက် ကြိုးစားမယ်” ဆိုပြီး စိတ်အားတင်းခဲ့လို့ ရလာဒ်ကောင်းအနေနဲ့ ကျွန်မဟာ မာစတာဘွဲ့ကို ခြောက်နှစ်အတွင်း ရသွားပါတယ်။ ဒါ့အပြင် ကျွန်မက 15th bath CT major မှာ နှစ်တိုင်း ပထမရပါတယ်။ အမှန်တော့ ဒါက သိပ်တော့မကောင်းဘူးပေါ့။ ဘာမှ လေ့ကျင့်မှုမရှိတဲ့ ကျွန်မက ပထမရတယ် ဆိုတော့လေ။ အလေ့အကျင့်အမြဲလုပ်နေတဲ့ အချို့သူငယ်ချင်းတွေဆိုပထမရသင့်တယ်လို့ကျွန်မထင်တယ်။ ခုတော့ ကွန်ပြူတာတက္ကသိုလ်ဟာ ကျွန်မတို့ခေတ်တုန်းကထက် ပိုပြီးတိုးတက်လာတယ်လို့ထင်ပါတယ်


My First Career Choice

ကျွန်မရဲ့ ပထမဦးဆုံး လုပ်ငန်းအတွေ့အကြုံ


I was dying to go to Foreign Country to work for my IT career. For this case, it looked like I had to join university first and find the jobs after that in that country. That path is the most realistic way but very costly for me. I wanted to join the Master Class of Foreign University from Singapore or Japan like my friends but I did not have money to join those programs. I tried to apply for some scholarship programs during my master program studies time but I could not achieve any scholarship. I think it might be because of my poor English skill and lack of good presentation skill. I tried to apply to a master program of a couple universities in Singapore without a scholarship. I passed them and I tried to pitch to my parents and relatives to support me to be able to attend the university in Singapore. Everybody said NO. I can understand my parents' situation although I was so sad and I complained for the first time myself “Why Me? Even Though I tried so hard, I am not rewarded. How unfair life is.” . But I did not let myself down, tried to collect my thoughts and I told myself “I have to move forward and I can try anytime again those master programs as long as I am still alive. Only sequences will be different”. Now I do not want to attend anymore. Instead I want to use my savings for creating my own assets like creating business. Since then, I have tried to focus back on my master program to finish it in a short time. Yes I finished my master in a short time.

ကျွန်မဟာ IT နည်းပညာနဲ့ အလုပ်အကိုင် အခွင့်အလမ်းတွေရချင်တဲ့အတွက် နိုင်ငံရပ်ခြားကို အရမ်း အရမ်း သွားချင်ခဲ့တယ်။ ကျွန်မ စိတ်ကူးခဲ့တာက နိုင်ငံခြားမှာ ကျောင်းသွားတက်ဖို့နဲ့ ကျောင်းပြီးရင် အဲဒီနိုင်ငံမှာပဲ အလုပ်ဆက်လုပ်သွားဖို့ပါပဲ။ ဒီလမ်းကြောင်းက လက်တွေ့ကျပေမယ့် အင်မတန် အကုန်အကျများပါတယ်။ ကျွန်မသူငယ်ချင်းတွေလိုမျိုး ဂျပန်နိုင်ငံ သို့မဟုတ် စင်ကာပူနိုင်ငံသွားပြီး မာစတာဘွဲ့အတွက် ကျောင်းတက်ချင်ခဲ့တယ်။ ဒါပေမယ့် ကျွန်မမှာ ပိုက်ဆံ အလုံအလောက် မရှိခဲ့ဘူး။ အဲဒါကြောင့် ကျွန်မ မြန်မာနိုင်ငံမှာ မာစတာတက်နေရင်း နိုင်ငံခြားပညာသင်ဆုတွေ ကြိုးစားပြီး လျှောက်ခဲ့တယ်။ အင်္ဂလိပ်စွမ်းရည် အားနည်းလို့လား၊ တင်ဆက်မှုအပိုင်းပဲ ညံ့သွားလို့လား မသိဘူး။ ပညာသင်ဆု မရခဲ့ဘူး။ ကျွန်မ တမျိုးပြီးတမျိုးပြောင်းပြီး ကြိုးစားခဲ့သေးတယ်ဘယ် Scholarship မှမရခဲ့ဘူး။ ပညာသင်ဆု မရှိဘဲ စင်ကာပူနိုင်ငံမှာ မာစတာတက်ဖို့ ကျောင်းတွေ လျှောက်ခဲ့တယ်။ ကျောင်းဝင်ခွင့် အောင်သွားခဲ့တဲ့အခါ ကျွန်မရဲ့ မိဘနဲ့ ဆွေမျိုးတွေကို ကျောင်းထားပေးဖို့ တောင်းဆိုခဲ့ပေမယ့် အကုန်လုံးက သဘောမတူခဲ့ဘူး။ မိဘတွေ အခြေအနေကို နားလည်ပေမယ့် ကျွန်မ အရမ်းဝမ်းနည်းခဲ့တယ်။ ကိုယ့်ကိုကိုယ် "ဘာလို့ ငါဖြစ်ချင်တာ မဖြစ်ရတာလဲ" "ဒီလောက်ကြိုးစားတာတောင် ထိုက်တန်တာ ဘာမှမရတော့ဘူးလား" ဘဝကြီးက မတရားလိုက်တာ" လို့ စောဒကတက်မိတယ်။ ဒါပေမယ့် ကျွန်မ စိတ်မပျက် အားမလျော့ခဲ့ဘူး။ မကောင်းတဲ့ အတွေးတွေကို ထိန်းချုပ်ပြီး "ငါ ရှေ့ဆက်သွားမယ်" "ငါအသက်ရှင်နေသရွေ့ နိုင်ငံခြားမှာ မာစတာဘွဲ့ယူလို့ရသေးတယ်" လို့ အားတင်းခဲ့တယ်။ မြန်မာနိုင်ငံမှာပဲ မာစတာဘွဲ့ကို မြန်မြန်ရအောင် ကြိုးစားခဲ့တယ်။ အခုတော့ ကျွန်မ နိုင်ငံခြားမှာ မာစတာ မတက်ချင်တော့ဘူး။စုဆောင်းထားတဲ့ငွေတွေကိုစီးပွားရေးလုပ်ဖို့ပဲ အသုံးပြုချင်တော့တယ်။

Luckily Japanese IT companies have started to enter Myanmar. I applied to one of IT Japanese companies based in Myanmar called Acty System Co., Ltd (Acty) and I was selected as the final 6 from over 200 applicants by taking a long IT, IQ test and interview. The company asked us to pass Japanese Proficiency Business Level which is called JLPT N2 within one year and they promised that they will send us to work in foreign branches located in Japan, India or Thailand after we passed JLPT N2. I was dying to go abroad and any country was fine for me. I have decided I will try my best to finish Japanese business level within one year in order to achieve my first dream. The company gave Japanese training to me almost the whole day. It literally looked like my job was learning Japanese. I woke up every morning around 6 AM, started to practice Japanese for 1 and half hour and then started to prepare for going to the office. I also studied at least 2 to 3 hours before sleeping after taking the Japanese class at the office almost the whole day. I even did not study that much for my high school exam like this and I could not do any other special activities except Japanese learning. As a result, I passed JLPT N2 within one year and the company sent me to the India branch as they promised. One of my dreams became true.

ကံကောင်းစွာနဲ့ ကျွန်မ မာစတာဘွဲ့ရပြီးတဲ့အချိန်မှာ ဂျပန်နိုင်ငံက IT ကုမ္ပဏီတွေက မြန်မာနိုင်ငံကို စတင်ဝင်ရောက်လာခဲ့တယ်။ အဲဒီကုမ္ပဏီတွေထဲက Acty System Co., Ltd (Acty) ဆိုတဲ့ ကုမ္ပဏီ မြန်မာရုံးခွဲမှာ ကျွန်မအလုပ်လျှောက်ခဲ့တယ်။ စစ်ဆေးမှုတွေ အင်တာဗျူးတွေ များစွာပြီးတဲ့နောက် အလုပ်လျှောက်တဲ့သူ အယောက်နှစ်ရာကျော်ထဲကနေ ကျွန်မက နောက်ဆုံး ၆ ယောက်မြောက်အနေနဲ့ အရွေးခံလိုက်ရပါတယ်။ ကုမ္ပဏီက ကျွန်မတို့ကိုဂျပန်စာလေ့လာပြီး Japanese Proficiency Business Level (JLPT N2) ကို တစ်နှစ်အတွင်း ဖြေဆိုအောင်မြင်သွားရင် ဂျပန်၊ အိန္ဒိယ၊ ယိုးဒယား ရုံးခွဲတွေမှာ အလုပ်သွားလုပ်ခွင့်ပေးမယ်လို့ ကတိပေးခဲ့တယ်။ ကျွန်မက နိုင်ငံခြားမှာ အလုပ်အရမ်းလုပ်ချင်တဲ့သူမို့ ဘယ်နိုင်ငံပဲဖြစ်ဖြစ် အဆင်ပြေတဲ့အတွက် ကျွန်မရဲ့ အိမ်မက်ကို အကောင်အထည်ဖော်ဖို့ JLPT ကို တစ်နှစ်အတွင်း အောင်စေရမယ်လို့ သန္ဓိဌာန်ချခဲ့တယ်။ ကုမ္ပဏီက ကျွန်မကို တစ်နေ့လုံး ဂျပန်စာကို သင်ယူလေ့လာစေခဲ့တယ်။ ကျွန်မရဲ့ အလုပ်က ဂျပန်စာသင်ဖို့သက်သက်အတိုင်းပဲ။ မနက်တိုင်း ၆ နာရီဆို ကျွန်မထတယ်။ ဂျပန်စာကို တစ်နာရီခွဲကြာအောင် လေ့လာတယ်။ ပြီးရင် အလုပ်သွားဖို့ ပြင်ဆင်တယ်။ အလုပ်မှာလဲ တစ်နေကုန် ဂျပန်စာသင်ရတယ်။ အလုပ်က ပြန်ရောက်လာရင်လဲ ညဘက် မအိပ်ခင် ၂ နာရီ ၃ နာရီလောက် ဂျပန်စာလုပ်တယ်။ ဆယ်တန်းတုန်းကတောင် ကျွန်မ ဒီလောက် မကြိုးစားခဲ့ဖူးဘူး။ ကျွန်မအချိန်တွေက ဂျပန်စာလေ့လာတာနဲ့ပဲ ကုန်ဆုံးခဲ့တယ်။ ကြိုးစားမှုရဲ့ ရလာဒ်အနေနဲ့ JLPT N2 ကို တစ်နှစ်အတွင်း အောင်မြင်သွားခဲ့တယ်။ ကုမ္ပဏီကလဲ သူ့ကတိအတိုင်း ကျွန်မကို အိန္ဒိယရုံးခွဲကို စေလွှတ်ခဲ့တယ်။ ကျွန်မရဲ့ အိပ်မက်တစ်ခုဟာ အမှန်တကယ်ပဲ ဖြစ်လာခဲ့ပါတယ်။


My Foreign Countries Carrier Experiences

ကျွန်မရဲ့ နိုင်ငံရပ်ခြား လုပ်ငန်းအတွေ့အကြုံ


I worked as a system engineer in the India Branch with the same company, Acty for 2 years since 2011. After 2 years, I quitted Acty and left India. I joined Global Innovation Consulting Inc(GIC) in 2013. GIC is Japanese consulting company powered by 250 employees globally. Headquarter is located in Japan and has branches in the United States, Philippines and Myanmar. Since I joined GIC, I changed my career from IT engineer to business side, mostly new business development. With GIC, I was working as mostly new business General Manager in Japan for almost 6 years and I am currently working as CEO of the USA branch in the United States for 2 years.


၂၀၁၁ ခုနှစ်ကစပြီး အိန္ဒိယနိုင်ငံမှာ system engineer အနေနဲ့ Acty ကုမ္ပဏီနဲ့ပဲ ၂ နှစ် လက်တွဲပြီး လုပ်ခဲ့တယ်။ ၂ နှစ်ပြည့်တော့ ကျွန်မ အလုပ်ထွက်ပြီး အိန္ဒိယနိုင်ငံက ထွက်လာခဲ့တယ်။ ၂၀၁၃ ခုနှစ်မှာGlobal Innovation Consulting Inc(GIC) ကို အလုပ်စဝင်ခဲ့တယ်။ GIC က ကမ္ဘာအဝှမ်း ဝန်ထမ်းပေါင်း အယောက်၂၅၀ ကျော်ရှိတဲ့ ဂျပန်အခြေစိုက် လုပ်ငန်းအကြံပေးကုမ္ပဏီပါ။ အမေရိကန်၊ ဖိလစ်ပိုင်၊ မြန်မာ နိုင်ငံတို့မှာ ရုံးခွဲတွေ ဖွင့်ထားပါတယ်။ကျွန်မ GIC ကို ရောက်တဲ့အချိန်ကစပြီး ကျွန်မရဲ့အသက်မွေးဝမ်းကြောင်းအလုပ်ကို IT engineer ကနေ Business ဘက်ကို ကူးပြောင်းခဲ့တယ်။ အထူးသဖြင့်New Business Developmentအပိုင်းပါ။ အခုဆိုရင် ကျွန်မဟာ GIC ဂျပန်ရုံးမှာ General Manager အဖြစ် လုပ်ကိုင်နေတာ ၆ နှစ်လောက်ရှိခဲ့ပြီ။ လက်ရှိမှာ GIC အမေရိကန်ရုံးခွဲရဲ့ CEO အဖြစ် လုပ်ကိုင်နေတာ ၂ နှစ်ရှိသွားပါပြီ။

Now I also started my own startup company called Openfor.co which is based in the United States with my co-founder and husband last year. Openfor.co is a partnership development platform company.

အခု ကျွန်မဟာ Openfor.co ကုမ္ပဏီကို မနှစ်က စတင်ပြီး ကျွန်မရဲ့ စီးပွားရေးလက်တွဲဖော် ဘဝလက်တွဲဖော်နဲ့အတူ တည်ထောင်ထားပါတယ်။ Openfor.co ဟာ အမေရိကန်အခြေစိုက် ကုမ္ပဏီဖြစ်ပြီး စီးပွားရေးဖက်စပ်ကုမ္ပဏီဖြစ်ပါတယ်။


I am going to write more in my upcoming blog posts about my foreign experiences in India, Japan, USA, and also about my entrepreneurship journey and my personal life experiences. Please stay tuned!

ကျွန်မရဲ့ blog မှာ အိန္ဒိယ၊ ဂျပန်၊ အမေရိကန် နိုင်ငံခြားလုပ်ငန်းအတွေ့အကြုံတွေကို မျှဝေမယ့် စာတွေ ဆက်ပြီးရေးသွားမှာပါ။ ကျွန်မရဲ့ စွန့်ဦးထီထွင်မှု ခရီးစဉ်နဲ့ ကျွန်မ့ဘဝ ခရီးစဉ်တစ်လျှောက် အတွေ့အကြုံတွေကိုလဲ မျှဝေသွားမှာမို့ စောင့်မျှော်ဖတ်ရှုပေးကြပါဦးနော်




Comments


bottom of page