Things to prepare for video interview / Remote ဗွီဒီယိုအင်တာဗျူးအတွက်ပြင်ဆင်ရန်အချက်အလက်များ
- Yu Li Shein
- Nov 26, 2020
- 2 min read
Updated: Sep 29, 2021
ယခုကာလမှာကြုံတွေ့နေရတဲ့Covid -19 ကြောင့် လုပ်ငန်းခွင် အများစုဟာ remotely အလုပ်လုပ်ခြင်းကိုအကောင်းဆုံးနည်းလမ်းအဖြစ်လက်ခံလာကြပါတယ်။ဒီလိုပြောင်းလဲမှုနှင့်အတူဝန်ထမ်းခန့်အပ်ရေးအပိုင်းတွင်လည်း remote culture အပိုင်းသို့ပြောင်းလဲလာပြီး Video interview က HR manager များကြားတွင်ခေတ်စားလာပါပြီ။ အဲ့ဒီလိုပြောင်းလဲလာတဲ့culture အသစ်နှင့်အညီRemote ဗွီဒီယိုအင်တာဗျူးအတွက်ဘယ်လိုပြင်ဆင်ရမလဲဆိုတဲ့Tips and Tricks များကိုဒီBlogလေးမှာပြောပြပေးသွားပါမယ်။
Please see in this link for English version "Things to prepare for video interview"

1.Video call interview မဖြေဆိုခင်ဘာတွေပြင်ဆင်ဖို့လိုမလဲ?
1.1. Devicesရွေးချယ်မှု

ကွန်ပြူတာကိုအသုံးပြုပါ
ကွန်ပြူတာ ကိုအသုံးပြုခြင်းက ပိုပြီးprofessional ဆန်စေပါတယ်။ အကယ်၍အင်တာဗျူးသူကscreen Shareရန်တောင်းဆိုလာရင် ကွန်ပြူတာ ကိုအသုံးပြုခြင်းအားဖြင့် screen share Features များကိုကောင်းကောင်း အသုံးချနိုင်ပြီး အင်တာဗျူးကို အဆင်ပြေပြေ ဖြေနိုင်မှာဖြစ်ပါတယ်။
စမတ်ဖုန်းတစ်ခုတည်း မသုံးပါနဲ့
အင်တာဗျူးတွင်မိုဘိုင်းဖုန်းကိုအသုံပြုခြင်းသည်ပရော်ဖက်ရှင်နယ်မဆန်သည့်အပြင်မိုဘိုင်းဖုန်းတွင်screen shareကို ကောင်းမွန်စွာအသုံးမပြုနိုင်တယ့်အတွက် သိပ်အဆင်မပြေနိုင်ဘူးလို့ထင်ပါတယ်။
ကွန်ပြူတာနှင့်မိုဘိုင်းဖုန်းကိုအတူတူအသုံးပြုပါ
အကယ်၍ကွန်ပျူတာကင်မရာမှာပြဿနာရှိခဲ့ရင်မိုဘိုင်းနှင့်ကွန်ပျူတာနှစ်ခုလုံးကိုအတူတကွသုံးပြုဖို့အကြံပြုချင်ပါတယ်။ကွန်ပျူတာတွင်ပြဿနာအချို့ရှိပါကသင့်မိုဘိုင်းဖုန်းကိုအရန်တစ်ခုအဖြစ်အသုံးပြုနိုင်မှာဖြစ်ပါတယ်။
1.2. Settingအားလုံးအဆင်ပြေအောင်စစ်ဆေးထားပါ

ကင်မရာအနေအထား
ဗီဒီယိုအင်တာဗျူးဖြစ်တဲ့အတွက်အင်တာဗျူးသူရဲ့ရှေ့မှာ ယုံကြည်မှုအပြည့်ရှိဖို့အရမ်းကိုအရေးကြီးပါတယ်။ ယုံကြည်ချက်ရှိရှိ မျက်လုံးချင်းဆုံ
ပြီးဗီဒီယိုအင်တာဗျူးဖြေဆိုနိုင်ဖို့အတွက်ကင်မရာကိုမျက်လုံးနဲ့တစ်တန်းတည်းဖြစ်အောင်ညှိထားဖို့လိုအပ်ပါတယ်။
Mircrophoneနဲ့ ဗွီဒီယိုကင်မရာSetting
ဗီဒီယိုအင်တာဗျူး တကယ်မလုပ်ခင်မှာ Application အများစုက microphone နှင့်ကင်မရာကို ကြိုတင်ပြီးစမ်းသပ်လို့ရပါတယ်။
Microphoneနှင့်cameraတွေကိုသေသေချာချာအလုပ်လုပ်ရဲ့လားဆိုတာကိုကြိုတင်စစ်ဆေးထားခြင်းအားဖြင့်တကယ်အင်တာဗျူးလုပ်ရမဲ့အချိန်တတ်နိုင်သလောက်ဖြစ်နိုင်ချေရှိတဲ့ပြသနာများကိုလျှော့ချနိုင်ပြီးချောချောမွေ့မွေ့အင်တာဗျူးဖြေဆိုနိုင်မှာဖြစ်ပါတယ်။
Notificationများကိုပိတ်ထားပါ
အင်တာဗျူးလုပ်နေစဉ်အတွင်းမှာဆူညံတဲ့ Alarmများ ၊ Notification များကိုရှောင်ရှားနိုင်ဖို့အတွက်ဖုန်းကိုSilent / airplane mode လုပ်ထားဖို့နဲ့ Computer ကနေAppတွကိုSignOutသို့မဟုတ်Notificationကိုပိတ်ထားဖို့အကြံပေးပါရစေ။ဒီလိုမှမဟုတ်ရင် Alarmဆူညံသံများနဲ့ Notificationများက အင်တာဗျူးဖြေဆိုနေစဉ်အတွင်းစိတ်အနှောင့်အယှက်ဖြစ်စေနိုင်ပါတယ်။အဆိုးရွားဆုံးကတော့ Interviewer နဲ့အတူ Screen Sharing လုပ်နေစဉ်အတွင်း Applicationကနေသူငယ်ချင်းကMessage ပို့လာခဲ့ရင် အင်တာဗျူးသူက Professional မဆန်ဘူးလို့ ယူဆသွားနိုင်ပါတယ်။
Wi-Fi Internet connection
အင်တာဗျူးဖြေဆိုမည့်နေရာက အားကောင်းတဲ့Wifi connectionရှိတဲ့နေရာကိုရွေးဖို့အကြံပေးပါရစေ။ အင်တာဗျူးလုပ်မဲ့အချိန်မှာတခြားသူတွေ Wi-Fi ကိုတတ်နိုင်သလောက်အသုံးမပြုဖို့ ညှိနိုင်းထားသင့်ပါတယ်။အထူးသဖြင့် Video ဖိုင်များကို Online တွင်ကြည့်ရှူခြင်း ၊Download ဆွဲခြင်း များကိုမပြုလုပ်ဖို့တအိမ်တည်းတွင်နေထိုင်သောတခြားသူများကိုနားလည်အောင်ပြောပြပြီးညှိနိုင်းထားသင့်ပါတယ်။ဒီလိုမှမဟုတ်ရင်အင်တာဗျူးလုပ်နေစဉ်အတွင်းမေးခွန်းများကိုသေသေချာချာမကြားရသောကြောင့် ပြန်လည်မဖြေဆိုနိုင်ခြင်း၊ Video ဖွင့်လို့အဆင်မပြေသဖြင့် သေသေချာချာ Performance မလုပ်နိုင်တဲ့အခြေအနေမျိုးဖြစ်သွားနိုင်ပါသည်။
1.3. Video conferencing Application များကိုအကျွမ်းတဝင်ရှိအောင်လေ့လာထားပါ

Remotely အလုပ်လုပ်ခြင်းကယခုကာလမှာခေတ်စားလာတဲ့အလျောက် Skype, Zoom, Google Meet စတဲ့ Application တွေကိုအချင်းချင်းဆက်သွယ်လုပ်ကိုင်ဖို့အတွက် လူသုံးများခေတ်စားလာကြပါတယ်။ အများအားဖြင့် အထက်ပါ Application တွေကို အင်တာဗျူးတွေ workshop တွေနဲ့ talk show တွေအတွက်အသုံးများလာပြီးလူတိုင်းမရှိမဖြစ်အသုံးပြုရမည့် ဖြစ်လာပါပြီ။ ဒါကြောင့်ဒီလို Application များနှင့်အသားကျအောင်ကြိုးစားလေ့ကျင့်သင့်ပါတယ်။ဒီApplication များကို သိပ်မသုံးဖူးပါက သူငယ်ချင်း သို့မဟုတ် မိမိ မိသားစုဝင်များနှင့် Practiceပြုလုပ်ဖို့အကြံပြုပါတယ်။
1.4. Backup Planထားပါ

Devicesကိုနှစ်မျိုးနဲ့အထက်ပြင်ဆင်ထားပါ
အကယ်၍ အင်တာဗျူးဖြေဆိုနေစဉ်အတွင်း Device တစ်ခုမှာပြသာနာရှိခဲ့ရင်အစားထိုးအသုံးပြုနိုင်ဖို့အတွက်အနည်းဆုံးDeviceနှစ်မျိုးနဲ့အထက်ပြင်ဆင်ထားသင့်ပါတယ်။
ဘက်ထရီကိုအပြည့်အားသွင်းထားပါ
အင်တာဗျူးဖြေဆိုနေစဉ်အတွင်း ပြသာနာတစ်စုံတစ်ရာမရှိေစရန် မိမိအသုံးပြုမည့်phone နှင့်computer ကိုအနည်းဆုံး ၈၀% အထိအားသွင်းပါ။
Mobile hotspotကိုအသုံးပြုဖို့အဆင်သင့်ပြင်ထားပါ
အကယ်၍ အင်တာဗျူးဖြေဆိုနေစဉ်အတွင်း Wi-Fi connection ပြတ်တောက်သွား ခဲ့ရင်၊ မိုဘိုင်း
ဒေတာနှင့်အင်တာဗျူးဆက်လက်ဖြေဆိုနိုင်ရန်အဆင်သင့်ပြင်ထားပါ။ မိမိကွန်ပြူတာကို Wi-Fi နှင့်ချိတ်ဆက်အသုံးပြုနေပါကလက်ကိုင်ဖုန်း မိုဘိုင်းဒေတာနှင့်ချိတ်ဆက်ပြီးအချိန်မရွေးအသုံးပြုနိုင်အောင် အဆင်သင့်ပြင်ထားဖို့လိုအပ်ပါတယ်။
အရေးပေါ်ဆက်သွယ်နိုင်မည့်အချက်အလက်များ
အကယ်၍ အင်တာဗျူးဖြေဆိုနေစဉ်အတွင်း လျှပ်စစ်ဓာတ်အားပြတ်တောက်မှုနှင့်မမျှော်လင့်သောအရာများဖြစ် ပေါ်လာပါကအင်တာဗျူးသူအားချက်ချင်းဆက်သွယ်နိုင်အောင်ကြိုတင်ပြင်ဆင်ထားပါ။ အကျိုးအကြောင်းပြောပြပြီး Interview Schedule ကိုပြန်လည်ညှိနှိုင်းပေးဖို့တောင်းဆိုပါ။ အင်တာဗျူးသူရဲ့ (အီးမေးလ်၊ ဖုန်းနံပါတ် ) သိအောင်ကြိုတင်ပြင်ဆင်ထားပါကချက်ချင်းဆက်သွယ်နိုင်ရန်အလွန်အထောက်အကူပြုမှာဖြစ်ပါတယ်။
1.5. အင်တာဗျူးဖြေဆိုရာတွင်ရှိသင့်သောကိုယ်ဟန်မူရာနဲ့စိတ်သဘောထား

အပြုသဘောဆောင်ပါ
အပြုသဘောဆောင်အပြုအမူနှင့်မျက်နှာအမူအရာနဲ့မိမိကယုံကြည်မှူရှိသူတဦးဖြစ်ကြောင်းကိုဖော်ပြနေပါတယ်။အင်တာဗျူးသူကမေးသောမေးခွန်းများကိုအကောင်းမြင်ပြီးအပြုသဘောဆောင်တဲ့စိတ်နဲ့ဖြေဆိုဖို့အကြံပြုပါရစေ။ ထိုသို့ဖြေဆိုခြင်းက ကောင်းမွန်သောအင်တာဗျူးရလဒ်များကိုရရှိစေနိုင်ပါတယ်။
ပြုံးပါ
အင်တာဗျူးဖြေဆိုတဲ့အခါအင်တာဗျူးသူ ရဲ့ မျက်လုံးကိုကြည့်ပြီးဖြေတာမျိုး ကိုယ်နေဟန်မတ်မတ်ထားပြီး အပြုံးနဲ့ဖြေဆိုတာမျိုးတွေလုပ်သင့်ပါတယ်။ ဒီလိုပြုလုပ်ခြင်းအားဖြင့်အင်တာဗျူးသူအားမိမိကရင်းနှီးလွယ်တဲ့သူတယောက်ဖြစ်ကြောင်းကိုဖော်ပြနိုင်ပါတယ်။
Practiceလုပ်ပါ
အင်တာဗျူးစဉ်အတွင်းကိုယ့်ရဲ့မျက်နှာဟန်ပန်အမူအရာဘယ်လိုဖြစ်နိုင်သလဲဆိုတာကိုသိရအောင်မှန်ရှေ့တွင် သို့မဟုတ်ဗီဒီယိုနဲ့Recordလုပ်ပြီးPractice လုပ်ကြည့်ပါ။ တကယ်အင်တာဗျူးဖြေဆိုတဲ့အခါ ဘယ်လိုပုံစံမျိုးနေသင့်သလဲဆိုတာကိုကြိုတင်ပြင်ဆင်ထားနိုင်မှာဖြစ်ပါတယ်။။
1.6. အခြားအရေးကြီးသောအကြံပြုချက်များ

အလင်းရောင်ကောင်းတဲ့နေရာကိုရွေးချယ်ပါ
အလင်းရောင်ကမမှောင်လွန်းမလင်းလွန်းနေရာကပိုကောင်းပါတယ်။
ကင်မရာရှေ့မှာနေရမည်ဖြစ်သည့်အတွက်အင်တာဗျူးအတွက်အလင်းရောင်ကောင်းတဲ့နေရာကိုရွေးချယ်ဖို့တိုက်တွန်းလိုပါတယ်။
ကောင်းမွန်တဲ့နောက်ခံBackgroundရှိသောနေရာကိုရွေးချယ်ပါ
Video ဖြင့် Interview ကိုကောင်းမွန်စွာပြုလုပ်နိုင်ရန် ကောင်းမွန်တဲ့နောက်ခံBackgroundရှိသောနေရာကို ရှာဖွေသင့်ပါတယ်။ အိပ်ရာခြင်ထောင်ရှိတဲ့နေရာများ၊ ရှုပ်ပွနေသောပစ္စည်းများရှိသည့်နေရာများ၊ တခြားလူများအချိန်မရွေးအနောက်ကဖြတ်လျှောက်လို့ရတဲ့နေရာများကိုအထူးရှောင်ကြင်သင့်ပါတယ်။သင့်တော်သောနေရာမရှိပါက Zoom, Skype စသည့် applications များတွင်ပါသော Virtual နောက်ခံရှုခင်းပုံများကို လွယ်လင့်တကူအသုံးပြုနိုင်ပါတယ်။
သပ်သပ်ရပ်ရပ် ဝတ်စားဆင်ယင်ပါ
အဝတ်အစားကို သပ်သပ်ရပ်ရပ် ဝတ်စားဆင်ယင်ပါ။ neat & tidy ဖြစ်ဖို့ကတော့အရမ်းကိုအရေးပါတဲ့အခြေခံကျတဲ့အချက်ထဲမှာပါဝင်ပါတယ်။ အိမ်နေရင်းအကျီ၊ ရှုပ်ပွနေသောဆံပင်၊ ဆီရွှဲနေသောဆံပင် (ခေါင်းမရှော်တာကြာလို့ဖြစ်နေတဲ့ဆံပင်ပုံစံကိုဆိုလိုပါတယ်။)၊ အိပ်ရာထကာစမျက်နှာနဲ့အင်တာဗျူးမဖြေပါနဲ့။ အရမ်းရိုင်းတယ်လို့ထင်ရပါတယ်။ အထူးသဖြစ်မိန်းကလေးများကမျက်နှာမှာ ပေါင်ဒါသို့မဟုတ် မိတ်ကပ်ပါးပါးလေး လိမ်းသင့်ပါတယ်။ သနပ်ခါးကိုတော့မလိမ်းဖို့အကြံပေးပါရစေ။
နားကြပ်ကိုသုံးပါ
ကောင်းမွန်သောနားကြပ်များကိုအသုံးပြုခြင်းအားဖြင့် အင်တာဗျူးတဲ့သူကဘာပြောတာလဲဘာမေးတာလဲဆိုတာကို ရှင်းရှင်းလင်းလင်း ကြားနိုင်သိနိုင်မှာဖြစ်ပြီး ကောင်းကောင်းမွန်မွန်ပြန်လည်ဖြေဆိုနိုင်မှာဖြစ်ပါတယ်။
1.7. ကုမ္ပဏီကဘာလိုချင်သလဲ

သင်အင်တာဗျူးမဖြေဆိုမီ သင်လျှောက်ထားသောကုမ္ပဏီအကြောင်းကိုကောင်းစွာလေ့လာပြီးသုတေသနလုပ်ရန်လိုအပ်ပါတယ်။
ကိုယ်လျှောက်မယ့် company နဲ့ပက်သက်တဲ့ data တွေ အခြားသိသင့်တဲ့အရာတွေအကုန်လုံးကို interview ဖြေတဲ့အချိန်အထိ သေချာလေ့လာပြီး ပြင်ဆင်သွားရပါမယ်။
သင်ဟာဒီအလုပ်ကိုဘယ်လောက်လိုချင်ကြောင်း ဘယ်လောက်စိတ်ဝင်စားကြောင်း ကိုသိသာအောင် ဖော်ပြတတ်ရပါမယ်။
2.Video call interview ဖြေနေစဉ်အတွင်းမိမိအရည်အချင်းကိုဂရုပြုမိစေရန် ဘယ်လိုလုပ်ရမလဲ ?
2.1.မှန်ကန်စွာဖြေဆိုပါ

အလုပ်တစ်ခုလျှောက်ထားနေစဉ်ဖြစ်စေ၊ interview တစ်ခုဖြေဆိုနေစဉ်ဖြစ်စေ၊ မိမိအကြောင်းကို ရိုးရိုးသားသားအမှန်တိုင်းဖြေဆိုရပါ။ ဤနည်းအားဖြင့်မိမိကိုယ်မိမိ အမှန်အတိုင်းရိုးသားစွာပြုမူနေထိုင်တဲ့သဘောသက်ရောက်ပြီး ကိုယ်ကိုတိုင်လည်း လျှောက်ထားသော အလုပ်နှင့် ကိုက်ညီမှုရှိ၊မရှိ ကို သေချာသိသွားနိုင်မှာဖြစ်ပါတယ်။ အင်တာဗျူးသူကိုသင်၏အားသာချက်များကိုပြောပြပါ။ ကိုယ့်ရဲ့အားနည်းချက်များအားမေးမြန်းသောအခါတွင်လည်း အမှန်အတိုင်းဖြေဆိုပါ။ လိမ်မှာပါးနှပ်စွာimpression ကောင်းကောင်းကျန်အောင်ဖြေနိုင်ဖို့လဲအရမ်းရေးကြီးပါတယ်။
2.2.ကိုယ်လုပ်နိုင်သည်ထက်ပိုမိုမပြောသင့်ပါ

အကယ်၍ အလုပ်ခန့်အပ်ခံရရင် အင်တာဗျူးဖြေ တုန်းကပြောခဲ့သော skill sets များကို လုပ်ငန်းခွင်တွင်လက်တွေ့ အသုံးချပြရမှာဖြစ်ပါတယ်။ လိုတာထက်ပိုပြောထားခဲ့ရင် တကယ်လုပ်ငန်းခွင်ဝင်ရောက်တဲ့အခါ မိမိကိုလိမ်ညာသူအဖြစ် Impression ဝင်သွားနိုင်ပါတယ်။ ဒီလို Impressionဝင်သွားခဲ့ရင်နောက်ပိုင်းလုပ်ငန်းခွင်မှာအဆင်ပြေမှာမဟုတ်ပါဘူး။
2.3.သူမတူထူးခြားနေပါစေ

ကိုယ့်စတိုင်လေးနဲ့ကိုလူအများက မှတ်မိအောင်တမူထူးခြားအောင်နေဖို့လဲအကြံပြုလိုပါတယ်။
3.Video call interview ပြီးနောက်သင်ဘာလုပ်သင့်သလဲ
3.1အဆက်အသွယ်လုပ်ပါ

အင်တာဗျူးသူထံတွင်ကိုယ့် ရဲ့ဆက်သွယ်ရန်အချက်အလက်များကိုပေးထားခဲ့ဖို့မမေ့ပါနှင့်။ အင်တာဗျူးရလဒ်ကိုသိချင်ပေမဲ့လဲ ကုမ္ပဏီကိုမကြာခဏဆက်သွယ်ခြင်းမပြုပါနှင့်။ အချို့သောကုမ္ပဏီများသည်အရမ်းအလုပ်များကြတယ်။ ခဏခဏရလဒ်ကိုဆက်သွယ်မေးမြန်းနေခြင်းက ကုမ္ပဏီကိုစိတ်အနောက်အရှက်ဖြစ်စေနိုင်ပါတယ်။အကောင်းဆုံးကတော့အင်တာဗျူးဖြေဆိုနေစဉ်အတွင်းမှာ ဘယ်တော့လောက်ရလဒ်ကိုသိရမလဲလို့မေးခဲ့ပြီး အဲဒီအချိန်ထက်ကျော်လွန်ခဲ့ရင်ကုမ္ပဏီကိုဆက်သွယ်မေးမြန်းတာဖြစ်ပါတယ်။
3.2.အခွင့်အရေးအတွက်ကျေးဇူးတင်ပါ

ငြင်းပယ်ခံရတိုင်းကိုကညံ့တယ်လို့မဆိုလိုပါဘူး။အင်တာဗျူးအတွေ့အကြုံရတယ်လို့ယူဆပြီး နောက်အင်တာဗျူးမှာဒီထက်ပိုကောင်းအောင်ဖြေနိုင်ဖို့ပြင်ဆင်သင့်ပါတယ်။ကိုယ်ရဲ့ Skill Setနဲ့ကိုက်ညီပြီးဒီထက်ပိုကောင်းတဲ့အခွင့်အလမ်းကကြိုးစားနေတဲ့လူငယ်တယောက်အတွက်ကတော့မကြာခင်ရောက်လာမှာပါ။
3.3.ကိုယ့်ပုံစံကိုယ့်စတိုင်လေးနဲ့ကိုနေပါ

ကိုယ့်သွားရမဲ့ Career ခရီးလမ်းကြီးကအရှည်ကြီးပါ။ ကိုယ်မဟုတ်တဲ့ပုံစံနဲ့ ကိုယ်နဲ့မကိုက်ညီတဲ့အလုပ်ကိုအချိန်အကြာကြီးဆွဲပြီးမလုပ်ပါနဲ့။ ကိုဘာလုပ်ချင်လဲ ဘယ်လိုအပိုင်းမှာကိုယ့်ကတော်လဲဆိုတာကိုအမြဲဆန်းစစ်ပါ။ ကိုယ်နဲ့ကိုက်ညီတဲ့အလုပ်ကိုအမြဲရှာဖွေနေဖို့အကြံပေးပါရစေ။
Openfor.co/fellowship ကို စိတ်ဝင်စားပြီး join ချင်ရင် ကျွန်မတို့ အနေဖြင့် Capsule program 2nd batch အတွက် ခေါ်ယူနေပါပြီ။ အသေးစိတ်ကို အောက်ပါ link မှာ သိနိုင်ပါတယ်။
Comments