top of page

Tips to prepare your CV and Linkedin profile / CVနှင့်LinkedIn profileကိုဘယ်လိုပြင်ဆင်မလဲ?

ကျွန်မဟာ Business Ownwerတယောက်အနေနဲ့မတူညီတဲ့နိုင်ငံ၊ မတူညီတဲ့Background ရှိတဲ့လူငယ်တော်တော်များများကိုအင်တာဗျူးလုပ်ခဲ့ဖူးပါတယ်။ မဖြစ်ခင်အချိန်ထိ တခြား company မှာအလုပ်လုပ်ဖို့အင်တာဗျူးတော်တော်တော်များလုပ်ခံခဲ့ရဖူးပါတယ်။ဒီလိုအတွေ့အကြုံတွေကိုအခြေခံပြီးတော့တကယ်လက်တွေ့ကြကြအသုံးပြုလို့ရတဲ့ Tips and Trick တွေသိလာခဲ့ပါတယ်။


ဒီ​ဆောင်းပါးမှာ experience နည်းနည်း/လုံးဝမရှိသူတို့အတွက် job offer ​တွေ အများကြီးရနိုင်ဖို့ကိုယ့်ရဲ့ Dream Job ကို ရဖို့CV နှင့် LinkedIn profile ကိုဘယ်လိုပြင်မလဲဆိုတဲ့နည်းလမ်းများ​ကိုဖော်ပြ​ပေးသွားပါမယ်။


If you want to read English Version, please read in this Land a dream job: Tips to prepare your CV and Linkedin profile




1.အတွေ့အကြုံကိုကိုယ်ကိုတိုင်ဖန်တီးယူပါ


အခုတလောCompanyတွေရဲ့အလုပ်ခေါ်စာတွေကိုကြည့်ရင် position တွေကအ​တွေ့အကြုံရှိသူ​တွေကိုပဲဦးစားပေးခေါ်နေကြပြီး၊လူငယ်​တွေဘက်မှာလည်းအလုပ်မရနိုင်ဘဲ အ​တွေ့အကြုံမရဖြစ်​နေပါတယ်။ ဘဝမှာအ​​ကြောင်းပြချက်ဆင်​ခြေကအမျိုးမျိုး​ပေးလို့မကုန်​ပေမယ့်Challenger ​တွေ၊ကြိုးစားသူ​တွေ၊ passionate ဖြစ်သူ​တွေအတွက်ဆုလာဘ်ဆိုတာလည်းအမြဲရှိပါတယ်။ အဲ့တာ​​​ကြောင့်အ​တွေ့အကြုံမရှိတဲ့လူငယ်​​တွေအ​နေနဲ့ ​အ​တွေ့အကြုံရဖို့ကိုယ်ပိုင်အတွေ့အကြုံကိုကိုယ်ကိုတိုင်ဖန်တီးယူလို့ရနိုင်ပါတယ်။ ဥပမာ- personal project တွေလုပ်တာမျိုး၊ apps နဲ့ websiteတွေရေးတာမျိုးတွေကိုကိုယ်ကိုတိုင်ဖန်တီးလို့ရပါတယ်။


ဘယ်education background ကဖြစ်ဖြစ် ဘယ်သူမဆို Personal project အ​နေနဲ့ ကိုယ်ပိုင် personal blog ကနေအနည်းဆုံးစနိုင်ပါတယ်။ Blog ၁ခုလုပ်နိုင်ဖို့ coding ​တွေ၊ design ​တွေ၊ video editing skill ​တွေ၊ ပိုက်​ဆံတွေမလိုပါဘူး။ စိတ်အားထက်သန်မှု၊ ရည်မှန်းချက်ကြီးကြီးထားပြီးလုပ်ကိုင်နိုင်စွမ်းနှင့် tool တွေကိုသုံးတတ်ဖို့အ​လေ့အကျင့်ပဲလိုပါတယ်။ Recommend ​အ​နေနဲ့ Website ​တွေ blog ​တွေအတွက် "Wix "၊ Design ​တွေအတွက် "Canvas"၊ Video editing အတွက် "Soapbox "toolတွေကကျွန်မကိုတိုင်အသုံးပြုနေတာဖြစ်ပြီးသုံးရတာအရမ်းလွယ်ကူပါတယ်။ အဓိကအားဖြင့်​ လုပ်ချင်တဲ့အရာအ​ပေါ်စိတ်အားထက်သန်မှု​ရှိဖို့နဲ့ကိုယ့်မှာရှိတဲ့ resourceကိုအပြည့်အဝအသုံးချတတ်ဖို့ နည်းလမ်းကိုတီထွင်ကြံဆတတ်ရန်သာလိုပါတယ်။


Employer ​တွေအ​နေနဲ့လည်း လာ​လျှောက်သူ​တွေထဲမှာမှလိုအပ်တဲ့ skill ရှိမရှိကိုမသိနိုင်တဲ့အတွက်ဘယ်လိုအလုပ်အတွေ့အကြုံတွေရှိခဲ့လဲဆိုတာကိုဦးစားပေးရွေးချယ်ကြတာဖြစ်ပါတယ်။ အကယ်၍ကိုယ့်မှာအလုပ်အတွေ့အကြုံမရှိခဲ့ရင် skills and abilities ကိုထုတ်ပြနိုင်ဖို့ Personal projectကိုကိုယ်ပိုင်အတွေ့အကြုံအဖြင့်ဖော်ပြလို့ရပါတယ်။ Personal Project ၁ခုခုကိုပြီးမြောက်အောင်လုပ်ဆောင်နိုင်ခြင်းကကိုယ့်ရဲ့စိတ်အားထက်သန်မှု၊အရည်အချင်း၊ အ​ကောင်အထည်​ဖော်နိုင်စွမ်းနှင့် တခြားသူ​တွေထက်ဘယ်​လောက်ရည်မှန်းချက်ကြီးလဲဆိုတာကိုထင်ဟပ်​စေပါတယ်။


အကယ်၍သင့်အ​နေနဲ့ NGO လိုorganization တွေကပြုလုပ်​တဲ့Project ဒါမှမဟုတ် University projectတွေJoinဖို့အခွင့်အလမ်းရှိခဲ့ရင်နှောက်နှေးမနေပဲ တက်တက်ကြွကြွပါဝင်ထားသင့်ပါတယ်။ ဒီလို Programတွေမှာပါဝင်ခြင်းက personal development ကိုဖြစ်စေပြီး အတွေ့အကြုံသာမက Soft Skills တွေကိုပါတိုးတက်စေနိုင်ပါသည်။

တက္ကသိုလ်ဘဝကို အကျိုးရှိရှိ အသုံးချဖို့ အချက် ၁၀ချက် “ကိုလဲဖတ်ရှူဖို့အကြံပြုချင်ပါတယ်။


2. Uniqueဖြစ်တဲ့CVကိုပြင်ဆင်ပါ


အလုပ်​လျှောက်ခါနီး CV လိုလာပြီ၊ ကိုယ့်စိတ်ကူးထားတဲ့​နေရာ position ကို​တွေ့ပြီ၊ ကိုယ့်မှာရှိတဲ့အချက်အများစုနဲ့ job requirement ​တွေနဲ့ကိုက်ညီတဲ့​နေရာမျိုး​တွေ့ပြီဆိုရင် CV ကို​ကောင်း​​ကောင်း​လေး present လုပ်တတ်ဖို့လိုလာပါပြီ။ ဒီလို presentable ဖြစ်မယ့် CV ​ကောင်၁ခုရဖို့ဘယ်လိုပြင်ဆင်ရမလဲဆိုတာကို​အောက်မှာ​ပြောပြပေးသွားပါမယ်။


CVမရေးခင်ပြင်ဆင်ရမည့်အချက်များ


uniqueဖြစ်တဲ့CVဖြစ်အောင် မဖြစ်မ​နေပါသင့်တဲ့အ​ကြောင်းအရာအချက်အ​လက်​​​တွေကဘယ်လိုအရာ​တွေလဲဆိုတာသိထားဖို့လိုပါတယ်။

1. ကိုယ်နဲ့လိုက်ဖက်တဲ့ Sample Template ​ရွေးပြီးသုံးပါ

CV ​ရေးတဲ့ အခါမှာလည်းကိုယ်နဲ့လိုက်ဖက်တဲ့ Sample Template ​ရွေးပြီးသုံးတတ်ဖို့လည်းလိုပါ​သေးတယ်။ Design ​ရွေးချယ်ပြင်ဆင်တတ်မှုကလည်း ကိုယ့်ကိုသူများ​တွေထက်ထင်းပြီး ကွဲထွက်နေအောင်လုပ်‌ဆောင်ပေးနိုင်ပါသေးတယ်။ အ​ရေးအကြီးဆုံးအ​နေနဲ့ကိုယ်​ရွေးလိုက်တဲ့ Sample က ဟာအတိုင်းတစ်သွေမတိမ်းကူးချတာမဟုတ်ပဲ ကိုယ့်ကိုယ်ပိုင်ဟန်အဖြစ်​ပြောင်းလိုက်ဖို့ပါပဲ။ Template Sample ​တွေကို​Googleမှာရှာလို့ရပေမဲ့ ကျွန်မအနေနဲ့ Recommendပေးကတော့ ာ့ Canva ဆိုတဲ့​ site ပါ။

2. Personal information & contact

ဒီလို​ခေါင်းစဥ်​အောက်မှာမိမိရဲ့အချက်အလက်​တွေနဲ့ ဆက်သွယ်လို့ရမယ့်အချက်​လေး​တွေပါသင့်ပါတယ်။ ဥပမာ- Phone no, email, and LinkedIn

3. Education & Experience

ပညာအရည်အချင်း၊မိမိရဲ့ professional background လိုအရာမျိုး​ဖော်ပြရပြီး experience အ​နေနဲ့လည်းအ​ပေါ်မှာ​ပြောထားတဲ့အတိုင်းလုပ်​ဆောင်နိုင်ပါတယ်)

4. Achievements & Certifications

မိမိရဲ့ professional field အပြင်တက်​ရောက်​လေ့လာထားတဲ့အရာ​လေး​တွေနဲ့ မိမိလုပ်ဖူးတဲ့ project နှင့် volunteer activities များမှ achievement များလည်းထည့်သင့်ပါတယ်။

5. Skills, hobbies & training

ဒီလို​နေရာမှာ​​တော့ကိုယ့်မှာရှိတယ်လို့ထင်တဲ့ soft skill​တွေ၊ strength & weakness ​တွေ၊ ကိုယ့်ဝါသနာနဲ့ career interest ​တွေကို​ဖော်ပြရမယ့်​နေရာပါ။

6. Reference

နောက်ဆုံးအ​နေနဲ့ reference ပါ။ ဒီအချက်က​တော့ optional အ​နေနဲ့ပါဝင်တဲ့အချက်ပဲဖြစ်ပါတယ်။


CVရေးနေစဉ်အရေးပါသောအချက်များ


CV ​ရေး​​နေချိန်မှာ​တော့မှတ်ထားရမှာ3ချက်ရှိပါတယ်။

  1. ကိုယ့်ကိုယ်ရည်ကိုယ်‌သွေးကိုဘယ်လိုဖော်ပြမလဲ

ကိုယ့်ကိုယ်ကိုယ်​ဖော်ပြတဲ့အခါမှာတိုတိုနဲ့ရှင်းရှင်းလင်းလင်းဖြစ်​အောင်လုပ်ပြီး အ​ရေးအသားမှာကိုယ့်ရဲ့ passionate ဖြစ်တာထင်ဟပ်​နေ​စေမယ့် positive အ​ရေးအသားလည်းလိုပါတယ်။ ကိုယ့်ကိုယ်ရည်ကိုယ်‌သွေး နဲ့ပတ်သက်ပြီး​​ရေးသား​ဖော်ပြတဲ့အခါလည်းအရှိအတိုင်းမှန်မှန်ကန်ကန်​ရေးဖို့လည်းလိုအပ်​ပါ​သေးတယ်။ လိုတာထက်ပိုပြီးမရှိတာကိုရှိသ​ယောင်မတတ်တာကိုတတ်​သ​ယောင်​ရေးတာက အလုပ်ရှင်နဲ့ ဝန်ထမ်း ၂ဖက်လုံးကို၁ချိန်ချိန်မှာအခက်​တွေ့​စေနိုင်ပါတယ်။


2. သင်ဟာ ဒီအလုပ်နဲ့ ကိုက်ညီမှုရှိရဲ့လား

ဒါနဲ့ပတ်သက်ပြီးအ​ကောင်းဆုံးက​တော့တတ်နိုင်သမျှအလုပ်နဲ့ပတ်သက်ပြီး Research လုပ်ဖို့ပါပဲ။ အလုပ်ခန့်သူဘက်ကဘယ်လိုTalentတွေကိုလိုချင်သလဲဆိုတာကို အလုပ်ခေါ် ကြော်ငြာစာ မှာ​ဖော်ပြသလို ကိုယ့်မှာရှိတဲ့ဘယ်အချက်​တွေက အလုပ်ခန့်သူဘက်ကလိုတာနဲ့ဘယ်​​လောက်ကိုက်ညီလဲဆိုတာကို​CVမှာဖော်ပြ​ပေးရပါမယ်။


3. အခြားအလုပ်လျှောက်သူတွေထက် မတူကွဲပြားအောင်လုပ်ပါ

အကယ်၍သင့်မှာစိတ်ဝင်စားစရာဝါသနာတွေ talentတွေ ထူးခြားတဲ့အချက်​တွေရှိမယ်ဆိုရင်​တော့ အခုအချိန်ကထုတ်ပြဖို့အ​ကောင်းဆုံးအချိန်ပါပဲ။ အလုပ်ခန့်သူ ဘက်ကအမြင်ကကြည့်ရင်ကိုယ်က သာမန်လူအုပ်ထဲကလူ၁​ယောက်ဆိုတာထက်ပိုတာကိုမြင်​အောင်ပြလိုက်နိုင်ဖို့ကလည်းအ​ရေးကြီးပါတယ်။


CVရေးပြီးလုပ်ဆောင်ရမည့်အချက်များ

  1. စာလုံး​ပေါင်း​grammarတွေစစ်ပါ

အခုကအကုန်လုံး​ရေးပြီးပြီဆို​တော့ ပြန်ဖတ်ပြီးစာလုံး​ပေါင်း​တွေgrammarတွေစစ်ဖို့အချိန်​ရောက်ပါပြီ။ အလုပ်၁ခု​လျှောက်ရာမှာလည်း CVမှာစာလုံး​ပေါင်းအမှား​လေး၁ခုကကိုယ့်အ​ပေါ် Impression ကျ​စေနိုင်ပါတယ်။ ​နောက်၁ချက်အ​နေနဲ့ CV ကို အလုပ်ခန့်သူ အမြင်အ​နေနဲ့အ​ခေါက်​ခေါက်ဖတ်ကြည့်သင့်ပါတယ်။ ကိုယ့်သူငယ်ချင်း၊ Senior၊ Mentor ၁​ယောက်​ယောက်ကိုဖတ်ခိုင်းခြင်းကပို​ကောင်းမွန်တဲ့မှန်ကန်reviewကိုရရှိနိုင်​စေမှာဖြစ်ပါတယ်။


3. "Mass apply" အလုပ်နေရာများနိုင်သမျှများများလျှောက်ပါ

အလုပ်​လျှောက်တဲ့အခါမှာသုံးတဲ့ကိုယ့် CV က​ကောင်း​ပေမယ့်ဘယ်သူမှပြန်မဆက်သွယ်လို့စိတ်ဓါတ်ကျ​နေတဲ့ထဲမှာသင်ပါ​နေလား? အင်တာဗျူးအနဲဆုံ ၁၀ခုလောက်ဖြေနိုင်ဖို့အလုပ်ဘယ်နခု​လောက်​လျှောက်ရမလဲမသိဖြစ်​နေပါသလား? ။အဲတာ​တွေအားလုံးအတွက်အ​ဖြေက​တော့ "Mass apply" ပါ။အလုပ်နေရာများနိုင်သမျှများများလျှောက်ဖို့ပါပဲ။ အထူးသဖြင့်အတွေ့ကြုံသိပ်မရှိတဲ့လူငယ်တွေအနေနဲ့ဘယ်တော့ အင်တာဗျူးဖြေဖို့ခေါ်စာရောက်လာမှာလဲဆိုတာကိုရင်တမမနဲ့စောင့်နေမဲ့အစား အခုလို "Mass apply" ကိုများများလုပ်ပြီး Replyပြန်လာနိုင်မဲ့အခွင့်အရေးကိုတိုးအောင်လုပ်ဖို့အကြံပေးခြင်ပါတယ်။


အလုပ်ကောင်းတခုရဖို့အတွက် အလုပ်ခေါ်တဲ့ Post၁ဝဝနဲ့အထက်လျှောက်ခြင်းကပုံမှန်ဖြစ်ပါတယ်။ စာရေးသူနဲ့စာရေးသူရဲ့ပတ်ဝန်းကျင်မှာအလုပ်ကိုင်ကောင်းရနေကြသူများလဲကိုလုပ်ချင်တဲ့အလုပ်ကိုနိုင်ဖို့ဒီလိုအရေအတွက်များများကိုဇွဲရှိရှိနဲ့လျှောက်ခဲ့ကြတာများပါတယ်။ တယောက်နဲ့တယောက်ကတော့မတူနိုင်ပေမဲ့ကိုယ်နဲ့ကိုက်ပြီးကိုယ်လုပ်ချင်တဲ့ အလုပ်ကိုခေါ်တဲ့ Postတွေကိုသေသေချာချာစစ်ထုတ်ပြီး စိတ်ဓတ်မကြပဲ

ဇွဲရှိရှိနဲ့လျှောက်ဖို့အကြံပေးခြင်ပါတယ်။


အလုပ်မလျှောက်ခင် နဲ့ လျှောက်နေဆဲကာလမှာ ကိုယ့်ကို လမ်းညွှန်ပြသပေးမယ့်လူတွေကိုရှာဖွေထားဖို့လည်းလိုအပ်ပါတယ်။ ဒီလို mentor တွေကို ဘယ်လိုရှာဖွေရမလဲ သိချင်ရင်တော့ ဒီ blog ရဲ့ How to find right mentor for career? ဆောင်းပါးမှာ ဖတ်ရှုလေ့လာနိုင်ပါတယ်။


3. အလုပ်ဘယ်လိုလျှောက်ကြမလဲ

ဘယ်လိုအလုပ်​လျှောက်ရမလဲဆိုတာက​တော့နိုင်ငံနဲ့လိုက်ပြီး အလုပ်​​လျှောက်နိုင်မည့် platform ကွာခြားမှုရှိနိုင်ပါတယ်။ အဲ့တာ​ကြောင့်​သေချာ research လုပ်ပြီးမှ ကိုယ်နဲ့အဆင်​ပြေဆုံး၊ကိုယ်အလုပ်လိုချင်တဲ့နိုင်ငံနဲ့အသင့်​လျှော်ဆုံး platform ကို​ရွေးချယ်ပြီး mass applyလုပ်သင့်ပါတယ်။ ဥပမာအားဖြင့် အမေရိကလိုနိုင်ငံမျိုးအတွက် LinkedInPlatform ပေါ်မှာအလုပ်ရှာတာကပုံမှန်ဖြစ်ပါတယ်။LinkedIn မှာ profile ​ကို​သေချာ Update လုပ်ထားမယ် ၊ CV နဲ့ cover letter လည်း​အ​ကောင်းမွန်ဆုံးအသင့်ရေးထားမယ်ဆို LinkedinPlatformပေါ်မှာ Eassy Applyနဲ့ အလုပ်၁ခု​လျှောက်ဖို့ 1 မိနစ်​တောင်ကြာမှာမဟုတ်ပါဘူး။


4. LinkedIn Profile ကောင်းကောင်းဘယ်လို Create လုပ်မလဲ

ဘယ်နိုင်ငံမှာအလုပ်ရှာနေတာပဲဖြစ်ဖြစ် RecruiterတွေကLinkedin ProfileကိုConfirmလုပ်လေ့ရှိကြပါတယ်LinkedIn ကCVနဲ့ ဘာကွာလဲဆိုတာမသိကြတဲ့သူများပါတယ်။ LinkedInမှာ သင့်ကိုယ်​ရေးအချက်အလက်အ​သေးစိတ်ကို CV ​မှာရေးသလိုမျိုးထည့်​​ရေးစရာမလိုပါဘူး။သင့်ကိုယ်​ရည်ကိုယ်​သွေးကို​ဖော်ပြနိုင်မယ့်အ​ကြောင်းအရာနှင့် Skills and experience အချက်အလက်​ကိုထည့်​ပေးရုံမျှပဲလိုအပိပါတယ်။ Recruiterတွေကအထူးသဖြင့်CVပေါ်မှာမတွေ့ရှိနိုင်တဲ့အချက်အလက်တွေကိုConfirmလုပ်ချင်တာဖြစ်ပါတယ်။ ဥပမာပြောရရင်ဘယ်လိုလူမျိုးတွေနဲ့အဆက်အသွယ်ရှိလဲ၊ ဘယ်လို Activities တွေမှာပါဝင်နေတာလဲ၊ ဘယ်လို အကြောင်းအရာတွေမျိုးကိုစိတ်ဝင်စားမှူရှိလဲဆိုတာတွေကိုပါ။


နောက်တခုအရေးကြီးတာကKeyword ဖြစ်ပါတယ်။ကိုယ်ကဒီLinkedinPlatformပေါ်ကနေအလုပ်လျှောက်သလိုမျိုး RecruiterများကလဲအဲဒီPlatformပေါ်ကနေ Talent တွေကိုရှာဖွေနေကြတာဖြစ်ပါတယ်။ Recuriter တွေကနာမည်နဲ့မရှာဖွေပါဘူး။ သူတို့ရှာဖွေတာက Project manager, Data Analysis , Accountant စသဖြစ် Keywordsတို့နဲ့ရှာဖွေကြတာဖြစ်ပါတယ်။ ကိုယ့်ကိုဘယ်လိုKeywordsတွေနဲ့ရှာဖွေတွေ့ရှိစေချင်လဲဆိုတဲ့ Keywords တွေကို Profileမှာပါအောင်ရေးဖို့အကြံပြုခြင်ပါတယ်။ နောက်တခုကောင်းတာကကိုယ်နဲ့ပိုကိုက်တဲ့Job Recommendation Post တွေရဲ့Notificationတွေရနိုင်ပါတယ်။


အခု​အောက်ပါအချက်အလက်​​တွေက​တော့ LinkedIn profile ကို setup လုပ်ချိန်မှာမပါမဖြစ်သိထားသင့်တဲ့အချက်​လေး​တွေပဲဖြစ်ပါတယ်။

  • profile ဓာတ်ပုံ

LinkedIn ကို Professional networking ​တွေသာရှိတဲ့ facebook ကဲသို့မြင်​ယောင်ပြီးသ​ဘောထားကြည့်ပါ။ အဲ့လို​နေရာမှာ profile ဓာတ်ပုံက ကိုယ့်ရဲ့ First Impression အဖြစ်ဖြစ်လာပါလိမ့်မယ်။ အလုပ်​လျှောက်တဲ့အခါမှာ အသုံးပြုတဲ့ပုံကဲ့သို့သ​ဘောထားပြီး LinkedIn picture ကသင့်ကိုထက်မြက်ပြီး First Impression ​ကောင်း​ကောင်းဖြစ်​စေမယ့်ပုံမျိုး​ရွေးချယ်ရပါမယ်။ အောက်မှာပါတဲ့အချက်တွေအတိုင်းလိုက်နာရင် Professionalဆန်တဲ့ကောင်းကောင်းရနိုင်လိပ်မယ်လို့ထင်ပါတယ်။

-Business Styleအဝတ်အစားကိုဝတ်ဆင်ပါ

-နောက်ခံ Backgroundရဲ့အရောင်ကတသမတ်တဲ့နေရာကိုရွေးချယ်ပါ

-Cameraရဲ့ Focusကကိုယ့်ပေါ်မှာရှိနေပါစေ (တခြားသူတွေမပါပါစေနဲ့)

-Poseကလဲ Professionalဆန်တဲ့ပုံစံလိုမျိုးပေးပါ (လှဖို့ Cuteဖြစ်ဖို့အရေးမကြီးပါဘူး)

  • Bio ကိုယ်ရေးအချက်အလက်

တော်တော်များကဒီအချက်ကိုသိပ်အရေးမကြီးဘူးထင်ကြပေမဲ့၊ကျွန်မကတော့ အရေးကြီးတယ်လို့ထင်ပါတယ်။ သေသေချာဂရုစိုက်ပြီးရေးဖို့အကြံပြုခြင်ပါတယ်။ဘာလို့လဲဆိုတော့ CV ပေါ်မှာမတွေ့ရှိနိုင်တဲ့အရာတွေကိုဖော်ပြနိုင်တဲ့အတွက်ပဲဖြစ်ပါတယ်။ Recuriterတွေကိုယ့်ကိုရှာတွေ့နိုင်ဖို့ သင့်တော်တဲ့Keywordတွေပိုရေးနိုင်လေလေကိုယ့်ကိုရှာတွေ့ဖို့အခွင့်အရေးပိုများလေလေဖြစ်ပါတယ်။

  • အဆက်သွယ်ကောင်းများရှာဖွေချိတ်ဆက်ပါ

Networking ​ကောင်း​ကောင်းရှိခြင်းက LinkedIn မှာ​ကောလူမှုဘဝမှာပါ များစွာအ​ရေးပါပါတယ်။ဒါ့​ကြောင့် အစပိုင်းမှာသင်နဲ့​လူမှုပတ်ဝန်းကျင်မှာသိတဲ့သူနဲ့ပဲ ချိတ်ဆက်ထားပြီးနောက်ပိုင်းမှသင်အလုပ်အတူတူလုပ်ချင်တဲ့သူ၊သင်​လေးစားရတဲ့သူကိုပါ ချိတ်ဆက်ချဲ့ထွင်လာသင့်ပါတယ်။ လုပ်ငန်းရှင်များအ​နေနှင့်လည်း LinkedIn မှာသင်ဘယ်လိုSkillတွေရှိလဲဆိုတာတွေကိုပဲအဓိကကြညိ့မှာမဟုတ်ပဲ၊ဘယ်လိုnetworking ရှိလဲဆိုတာကိုအဓိကကြညိ့ကြဖြစ်ပါတယ်။

  • Featured Skills နဲ့ Endorsements

အခု Feature က LinkedIn နဲ့ CV ကွာခြား​စေတဲ့အဓိကအ​ကြောင်းအ​ရင်းဖြစ်ပါတယ်။ ဒီ​နေရာမှာသင့်မှာရှိတဲ့ Skill များ အထူးသဖြင့် Hard skill ကိုအ​ကောင်းဆုံး​ဖော်ထုတ်​ပေးနိုင်မှဖြစ်ပီးသင့်ပတ်ဝန်းကျင်အနီးနားကလူ​တွေက သင်​ဖော်ပြထားတဲ့ skill နဲ့ပတ်သက်ပီးသင့်​ပေါ်ဘယ်လိုမြင်လဲဆိုတာကိုပါ​ဖော်ပြ​ပေးနိုင်ပါတယ်။ CV ကဲ့သို့​​ထောက်ခံ​ပေးနိုင်မယ့် certification စာရွက်အစားအခုလို feature ကလည်း skill ကို prove လုပ်​ပေးတဲ့​နေရာမှာ level ၁ခုကို​ရောက်​အောင်မြင့်​ပေးနိုင်ပါတယ်။

  • လုပ်ငန်းနယ်ပယ်အမျိုးအစား(industry)

​နောက်ထပ်အ​နေနဲ့ထပ်ထည့်လို့ရ​သေးတာက​တော့သင့်လုပ်ကိုင်ချင်တယ့် လုပ်ငန်းနယ်ပယ်အမျိုးအစား (Industry)ကို​ပါရွေးချယ်ထားခွင့်ရှိတာပါပဲ။ ထိုသို့​ရွေးချယ်ထားခြင်းဖြင့်သက်ဆိုင်ရာ လုပ်ငန်းနယ်ပယ်မှ employer များမှ LinkedIn တွင်ရှိ​သော activity နှင့် opportunity များကိုသင်မလွတ်သွားရ​အောင်အမြဲ​ဖော်ပြ​ပေးနိုင်ပါ​သေးတယ်။

  • အမြဲ updateလုပ်ပါ

​နောက်ဆုံးအ​​နေနဲ့အ​ရေးအကြီးဆုံးက​တော့ LinkedIn ကိုသင့်မှာရှိတဲ့ skills ​and experience နဲ့လိုက်ပြီးအချိန်နဲ့တ​ပြေးညီ update လုပ်ခြင်းပဲဖြစ်ပါတယ်။


အထက်ဖော်ပြပါအတိုင်းပြုလုပ်ပါကမကြာခင်အင်တာဗျူးတွေနဲ့အလုပ်တွေရှုပ်တဲ့ရက်တွေရောက်လာတော့မှာပါ။ ဒီBlogထဲကအချက်တွေကအသုံးဝင်ပြီးအလုပ်ဖြစ်ခဲ့ရင်Comment ရေးပေးခဲ့ပါနော်။ဒီလိုအသေးအဖွဲလေးတွေကကျွန်မကိုရှေ့ဆက်ဒီလို Blogတွေအများကြီးရေးဖို့တွက်ခွန်အားတွေပေးမှာပါ။ နောက်ပြီးဒီBlogလေးကို Subscribeလုပ်ဖို့နဲ့ကျွန်မရဲ့Facebook Page Yu Li SheinကိုလဲLikeလုပ်ခဲ့ဖို့မမေ့ပါနဲ့နော်။


Openfor.co/fellowship ကို စိတ်ဝင်စားပြီး join ချင်ရင် ကျွန်မတို့ အနေဖြင့် Capsule program 2nd batch အတွက် ခေါ်ယူနေပါပြီ။ အသေးစိတ်ကို အောက်ပါ link မှာ သိနိုင်ပါတယ်။

Comments


bottom of page